နေထိုင်ခွင့်ကတ်လုပ်ပေးမည်ဆိုကာ မြန်မာများထံမှ ငွေကောက်ခံနေသည့်ပွဲစားကို ထိုင်းရဲလာတား

မဲဆောက်မြို့တွင် နေထိုင်ခွင့်ကတ်ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ ဘတ်ငွေငါးသိန်း ထက်မနည်း ကြိုတင်ငွေကောက်ခံထားသော မြန်မာပွဲစားတစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက လာရောက် ဟန့်တားကြောင်း မဲဆောက်ရှိ မြန်မာအလုပ်သမားရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ကိုချာလီဟုလူသိများသည့် ပွဲစားသည် မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ်...

မဲဆောက်တွင် မြန်မာများနေထိုင်သည့် အဆောက်အအုံ ထိုင်းအာဏာပိုင်များ ဝင်စစ်ပြီး ၂ ဦးဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပဒေသရှိ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများ နေထိုင်ရာ လေးထပ်အဆောက်အအုံကို ထိုင်းအာဏာပိုင်များက မနေ့က (မတ် ၂၂)ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးသွားကြောင်း အကူညီပေးနေသူများထံမှ သိရသည်။ သို့သော် အဆောက်အအုံတွင်...

ဘန်ကောက်တွင် မြန်မာနှင့်ထိုင်းလုပ်သားနှစ်ဦး ရေလှောင်ကန်အတွင်း ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ကွန်ဒိုတစ်ခု၏ ခေါင်မိုးပေါ်ရှိ ရေလှောင်ကန်အတွင်း မြန်မာအလုပ်သမားတစ်ဦးနှင့် ထိုင်းအလုပ်သမားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ခုနစ်မီတာခန့်မြင့်သော ကွန်ကရစ်ရေလှောင်ကန်အတွင်း သန့်ရှင်းရေးပြုလုပ်နေသော...

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၃ ဦးအသတ်ခံရမှုအတွက် သံသယရှိသူ ၅ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ရှိ စွန်ပစ်အမှိုက်ပုံတွင် တွေ့ရှိရသော မြန်မာအလုပ်သမား ၃ ဦး၏ အလောင်းနှင့်ပတ်သက်ပြီး သံသယရှိသူ ထိုင်းနိုင်ငံသား ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့များက မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အယုဒ္ဓယတွင် မြန်မာအမျိုးသမီးတစ်ဦး အိမ်သာထဲ ကလေးမွေး

ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး ဗိုက်နာသဖြင့် အိမ်သာသွားရာမှ အိမ်သာအတွင်း ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရသိရသည်။ မတ်လ ၁၉ ရက်နေ့ညပိုင်းက အယုဒ္ဓယခရိုင် ဘန့်ပအင်းဒေသ အဆောင်ခန်းအတွင်းရှိ အိမ်သာထဲတွင် မြန်မာမိန်းကလေးတစ်ဦး ကလေးမွေးဖွားနေကြောင်း သတင်းရရှိသဖြင့် အယုဒ္ဓယခရိုင်...

အဖမ်းမခံရရန်အာမခံသည်ဟု အွန်လိုင်းတွင်ပို့စ်တင်လူခေါ်ပြီး မှောင်ခိုပို့သောမြန်မာပွဲစားကားကို ထိုင်းရဲစောင့်ဖမ်း

အဖမ်းမခံရရန် အာမခံသည်ဟု အွန်လိုင်းတွင်ပို့စ်တင်ပြီး လူခေါ်ကာ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်သည့် မြန်မာပွဲစားကား၏ကားကို ထိုင်းရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အွန်လိုင်းပို့စ်ကြောင့် မြန်မာပွဲစားကားကို စမွတ်ပရကန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က မတ်လ ၁၇...

ထိုင်းတောင်ပိုင်းတွင် ရိုဟင်ဂျာ ၄၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံတောင်ပိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ရိုဟင်ဂျာ ၄၀ ကျော်ကို မတ်လ ၁၆ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်စီထမရတ်ခရိုင် ကျူလဖွန်ဒေသရှိ လမ်းဘေးတောထဲတွင် ပုန်းခိုနေသော...

ထိုင်း ခရိုင်နှစ်ခုတွင် မြန်မာလုပ်သား ၆၀ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်တို့တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသဖြင့် မြန်မာအလုပ်သမား ၆၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘီးပေါက်သဖြင့် အမြန်လမ်းမဘေးတွင်ရပ်ထားသော ပစ်ကပ်ကားပေါ်၌ မြန်မာအလုပ်သမား ၃၃ ဦးကို ယနေ့ မတ်လ ၁၆ရက်...

ထိုင်းတောင်ပိုင်းတွင် မြန်မာဟုယူဆရသည့် သတ်ဖြတ်ခံထားရသူ အလောင်း သုံးလောင်းတွေ့

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ချုံတောထဲရှိအမှိုက်ပုံတွင် အသတ်ခံထားရသော မြန်မာအလုပ်သမားများဟုယူဆရသည့် အလောင်း ၃ လောင်း တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဟတ်ယိုင်ဒေသနှင့် ဘန့်ကလန်းဒေသကြားရှိ လမ်းမကြီးနှင့် မီတာ ၂၀၀ အကွာရှိ စွန့်ပစ်အမှိုက်ပုံတွင် မတ်လ...

ထိုင်းသို့ အလည်ဗီဇာဖြင့် လာသူများကို ဘဏ်စာရင်းဖွင့်ခွင့် ဘန်ကောက်ဘဏ် ယာယီရပ်ဆိုင်း

ထိုင်းနိုင်ငံအတွင်းသို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ဘန်ကောက်ဘဏ်တွင် ဘဏ်ငွေစာရင်းဖွင့်ခွင့် ယာယီရပ်ဆိုင်းလိုက်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ Bangkok Bank အနေဖြင့် Tourist Visa ဖြင့်ဝင်ရောက်လာသူများအား...