Dawei Watch, Dawei News, Dawei News Media

သထုံတွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

မွန်ပြည်နယ် သထုံမြို့နယ်တွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၄ ရက်နေ့တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမားနှစ်ဦးက နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

မွန်တွင် ရပ်ကွက်ကျေးရွာအချို့ ရေကြီးရေလျှံ

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာနှင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အချို့တို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့...

လောင်းလုံး ကျောက်နီမော်ရွာတွင် တောင်ကမ်းပါးပြို၍ သက်ကြီးရွယ်အို သုံးဦးဒဏ်ရာရပြီး နေအိမ်၆ ဆောင် မြေဖုံးလွှမ်း

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းနီတွင်းရွာတွင် ဇူလိုင်လ ၂၅ ရက် နေ့လယ် ၂ နာရီခန့်က မြေပြိုခဲ့ရာ လူသုံးဦးဒဏ်ရာရပြီး နေအိမ် ၆ ဆောင် မြေဖုံးခံရကြောင်း ယင်းကျေးရွာသားအချို့နှင့် ကာယကံရှင်များထံမှ သိရသည်။

ထားဝယ်တွင် အောက်ဆီဂျင်မလောက်တော့သဖြင့် မြိတ်တွင် သွားဖြည့်နေရ ဟုဆို

အာယုဒါနအဖွဲ့၏ စက်ရုံမှထုတ်သည့် အောက်ဆီဂျင်မှာ လုံလောက်မှုမရှိဘဲ ပြတ်လပ်သွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့၏ စက်ရုံမှ ထွက်သည့်အောက်ဆီဂျင်ကို ထားဝယ်ဒေသအတွက် လှူဒါန်းနေခြင်းဖြစ်သည်။ အဆိုပါ...

ထားဝယ်ဆေးရုံ ကိုဗစ်လူနာလက်မခံဆိုသည့်သတင်း မမှန်ကန်ကြောင်း ဆေးရုံတာဝန်ရှိသူများ တုံ့ပြန်

ထားဝယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများ လက်ခံပေးခြင်းမရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းအချက်မှာ မှန်ကန်ခြင်းမရှိကြောင်း ဆေးရုံတာဝန်ရှိသူအချို့က တုံ့ပြန်သည်။ ထားဝယ်ဆေးရုံတွင် ဆရာဝန်နှင့် အနီးကပ်ကြပ်မတ်ကုသရမည့် အရေးကြီး ကိုဗစ်လူနာများကို လက်ခံကုသပေးနေကြောင်း ယင်းဆေးရုံ ကိုဗစ်ကုသရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ထားဝယ်မြို့တွင် သီတာဂူဆေးရုံ၊...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ဂယက်ကြောင့် မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နား

ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုး မြင့်မား‌နေသည့်အတွက် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နားလိုက်ပြီဖြစ်သည်။ အမြန်ရေယာဉ်တို့အား ဇူလိုင်လ ၂၅ ရက်နေ့အထိယာယီရပ်နားခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကိုဗစ်နိုင်တီးရောဂါကာကွယ်ရေးနှင့်အညီလူဦးရေအကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲဖြစ်ကြောင်း အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။

မောတောင်နယ်စပ်တွင် နှာခေါင်းစည်း တစ်သိန်းကျော်ကို ထိုင်းဘက်မှ ဖမ်းဆီး

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့ စင်ခွန်းနယ်စပ်ဂိတ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က နှာခေါင်းစည်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ စင်ခွန်းနယ်စပ်ဂိတ်တွင် သစ်သီးများသယ်ဆောင်လာသည့် တိုရိုတာဟိုင်းလတ် အမျိုးအစား...

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဆလုံလူမျိုးများ တောင်းဆို

မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မော်ကင်း ဆလုံလူမျိုးများက တောင်းဆိုလိုက်သည်။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မကြုံဂလက်ကျေးရွာနေ ဆလုံလူမျိုးများက ဇူလိုင် ၂၃ ရက်ည ၁၁ နာရီခန့်တွင် လမ်းပေါ်ထွက်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံး

ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၂၃ ရက် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းနေ့ တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၌ ကိုဗစ်လူနာ ငါးဦး သေဆုံးခဲ့ပြီး သရက်ချောင်းမြို့နယ်တွင် ၁ ဦးသေဆုံးခဲ့သည်ဟု...
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့အတွင်း ၉ ရက်တိတိ ပရိတ်ရွတ်မည်

ထားဝယ်မြို့အတွင်း ကားဖြင့် လှည့်လည်ကာ သံဃာတော် ၁၈ ပါးက ၉ ရက်တိတိ ပရိတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး လူထူအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်) ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ...