ထားဝယ်မြို့အတွင်း ၉ ရက်တိတိ ပရိတ်ရွတ်မည်

0
121
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့အတွင်း ကားဖြင့် လှည့်လည်ကာ သံဃာတော် ၁၈ ပါးက ၉ ရက်တိတိ ပရိတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး လူထူအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်) ထံမှ သိရသည်။

ဇူလိုင်လ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ထားဝယ်မြို့အတွင်းရှိ လမ်းများအတိုင်း လှည့်လည်ရွတ်ဖတ်မည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ညနေ ၃ နာရီမှ ည၇ နာရီခန့်အထိ ထားဝယ်မြို့အတွင်း ကားဖြင့် လှည့်လည်ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေချိန်တွင် ရောဂါဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အထောက်အကူပြုအဖွဲ့နှင့် မြို့မယဉ်ငေးသာသနာ့ရိပ်သာတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ရောဂါဘေးအန္တရာယ်တွေ ကင်းရှင်းအောင်ပေါ့နော်၊ ဘာသာရေးထုံးတမ်းအစဉ်အလာအရလို့ ပြောရမှာပေါ့”ဟု အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ပြောသည်။

ယင်းသို့ ပရိတ်ရွတ်လှည့်လည်ရာတွင် မိမိနေထိုင်ရာလမ်းသို့လည်း ပင့်ဖိတ်နိုင်ကြောင်း ၎င်းက ဆိုသည်။