တနင်္သာရီမြစ်ကြောင်းတွင် ဘိန်းစာမှုန့်အထုပ်ရေ သုံးသောင်းခွဲကျော်ဖမ်းမိ

တနင်္သာရီမြို့နယ်တွင် ဘိန်းစာမှုန့်အထုပ်ရေ သုံးသောင်းခွဲကျော် ဖမ်းမိကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေအတွင်းရှိ တနင်္သာရီမြစ်ကြောင်းအတွင်း ဖေဖော်ဝါရီလ ၄ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း...

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်

‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ယင်းလူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ခဲ့ပြီး “စစ်ကျွန်ဘဝက လွတ်မြောက်ဖို့…. ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” ဘန်နာကိုင်စွဲ၍ ဒေသခံပြည်သူများနှင့်အတူ ချီတက်ခဲ့ကြသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ

ထားဝယ်ခရိုင်တွင် တစ်ရက်တည်း ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ က တစ်ရက်တည်း ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲသုံးချမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ ရေဖြူမြို့နယ် ကလိန်အောင်မြို့ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား တားဆီးစစ်ဆေးရာ...

လောင်းလုံးတွင် သစ်တောရုံးမီးရှို့ခံရပြီးနောက် အပြန်လှန်ပစ်ခတ်

လောင်းလုံးမြို့ပေါ်တွင် မြို့နယ်သစ်တောဦးစီးဌာနရုံး မီးရှို့ခံရပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက် ၂နာရီခန့်တွင် လက်နက်ကိုင်လူတစ်စုက မြို့နယ်သစ်တောဦးစီးဌာနရုံးကို မီးရှို့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ကံပေါက်ဒေသခံ အမျိုးသမီးနှစ်ဦးထပ်မံအဖမ်းခံရ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ ဝန်းကျင်အရွယ် မမူယာစိုးနှင့် မမီးသက်တို့နှစ်ဦးသည် ဖေဖော်ဝါရီလ ၃ ရက် ညတွင်...

ပုလော၊ တန်းရှင်းရွာတွင် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တန်းရှင်းရွာတွင် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၃ရက် ညနေ ၆ နာရီဝန်းကျင်က နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး အသက် ၅၅...

လောင်းလုံးတွင် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကိုလည်းမီးရှို့

လောင်းလုံးမြို့နယ် မင်းရပ်ရွာမြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ညက စစ်ကောင်စီတပ်နှင့် ပျူစောထီးပူပေါင်းအဖွဲ့က အမျိုးသားတစ်ဦးကို ပစ်သတ်ပြီးနောက် နေအိမ်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရမှုကြောင့် အသက် ငါးဆယ်အရွယ်ရှိ ဦးတင်လောင်းဆိုသူအမျိုးသား တစ်ဦးသေဆုံးပြီး နေအိမ်ကိုလည်း...

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီနှင့် ပုလောတွင် စစ်ဘေးရှောင်အများဆုံးရှိနေ

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်ရှိသည့်အနက် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောနှင့် တနင်္သာရီမြို့နယ်တွင် အများဆုံးဖြစ်နေကြောင်း သိရသည်။ ဒေါန တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၇၀၀၀ ကျော်ရှိနေသည်။

ပုလောနှင့်တနင်္သာရီမြို့တို့တွင် ညရှစ်နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်

စစ်အုပ်ချုပ်ရေး ကြေညာထားသော မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နှင့် တနင်္သာရီမြို့တို့တွင် ညရှစ်နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကို တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းစစ်ဌာနချုပ်က ထုတ်ပြန်လိုက်သည်။ ယနေ့ (ဖေဖော်ဝါရီ ၃) ရက်နေ့စွဲဖြင့် တနင်္သာရီတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။