ကံပေါက်ဒေသခံ အမျိုးသမီးနှစ်ဦးထပ်မံအဖမ်းခံရ

0
2827

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၃၀ ဝန်းကျင်အရွယ် မမူယာစိုးနှင့် မမီးသက်တို့နှစ်ဦးသည် ဖေဖော်ဝါရီလ ၃ ရက် ညတွင် နေအိမ်တွင် အဖမ်းခံလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါအမျိုးသမီးနှစ်ဦးသည် သာမန်အရပ်သားများဖြစ်ကြပြီး မည့်သည်အကြောင်းအရင်းကြောင့် အဖမ်းခံရသည်ကို မသိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“အခုလို ညဘက်တွေလိုက်ဆွဲနေတော့ ရွာမှာက ညဆိုရင်တောင် လန့်နေရပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကံပေါက်ဒေသတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ယခုအဖမ်းခံရသူ နှစ်ဦးအပါအဝင် ဖမ်းဆီးခံရသူစုစုပေါင်း ၁၇ ဦး ရှိလာခဲ့ပြီဖြစ်သည်။

ယင်း ၁၇ ဦးအနက် ဖေဖော်ဝါရီလ ၄ ရက်အထိ ၁၂ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ယနေ့ဖမ်းခံရသူ နှစ်ဦးအပါအဝင် ကျန် ငါးဦးကို မောရဝတီရေတပ်စခန်းတွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဖမ်းခံထားရသူတို့နှင့် နီးစပ်သူတို့က ပြောဆိုကြသည်။