လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်

0
2813
ဓါတ်ပုံ - ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)

‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ယင်းလူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ခဲ့ပြီး “စစ်ကျွန်ဘဝက လွတ်မြောက်ဖို့…. ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” ဘန်နာကိုင်စွဲ၍ ဒေသခံပြည်သူများနှင့်အတူ ချီတက်ခဲ့ကြသည်။