ရငဲရွာမှ လူငယ်အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှ လူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ (ဖေဖော်ဝါရီ ၇) နံနက် ၈ နာရီခန့်က အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကားလမ်းမဘေးရှိ...

MPT Exchange ရုံးမီးလောင်သဖြင့် ဆက်သွယ်ရေးပြတ်တောက်

ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အိပ်ချိန်းရုံး (MPT Exchange) မီးလောင်မှုဖြစ်ပွားသဖြင့် တစ်နိုင်ငံလုံးရှိ MPT လိုင်းများဆက်သွယ်ရေး ပြတ်တောက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT အိတ်(ပ်)ချိန်းရုံးသည် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၁၀...

ထိုင်းတွင် တစ်နှစ်ခွဲအရွယ်မြန်မာကလေးငယ် တစ်ပေအကျယ်ရှိရေတွင်းပေါက်ထဲပြုတ်ကျ၊ အသက်ကယ်နိုင်ခဲ့

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရဒေသတွင် အသက် ၁ နှစ်နှင့် ၇ လအရွယ်ရှိ မြန်မာမိန်းကလေးငယ်တစ်ဦးသည် ယမန်နေ့ ညနေပိုင်းက ရေတွင်းပေါက်ထဲ ပြုတ်ကျသွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်လျက် ကယ်တင်နိုင် ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကံပေါက် Delco သတ္တုလုပ်ကွက်တွင် ခဲရှာသူအမျိုးသမီးနှစ်ဦး မြေစာပိ၊ တစ်ဦးသေဆုံး

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဒယ်လ်ကို (Delco) သတ္တုကုမ္ပဏီ လုပ်ကွက်အတွင်း မြေစာပြိုကျသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့ကပြောသည်။ ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျကာ ခဲ ဝင်ရှာသည့် အမျိုးသမီးနှစ်ဦးကို မြေစာပိသွားခြင်းဖြစ်ပြီး...

ရေဖြူတွင် ကားပစ်ခတ်ခံရပြီး ဆရာတော်ပျံ‌လွန်‌၊ အမျိုးသမီးတစ်ဦးလည်းသေဆုံး

ရေဖြူမြို့နယ် ၂၇ မိုင်နှင့် နှမ်းကျဲရွာကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၆ရက် ညနေ ၃နာရီဝန်းကျင်က ရာဖူးရွာသစ်ကျောင်းဆရာတော်၏ကား သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဆရာတော်ပျံလွန်ကာ အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ကားတွင် ဆရာတော်နှင့် ယာဉ်မောင်းအပါဝင်...

လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာက ရွာသားတစ်ဦး ယနေ့ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်ခတ်ခံရသူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ကရင်ကြီးရွာသား ဦးတင်အေးဆိုသူဖြစ်ပြီး ကျောက်ဆင်ရွာ...

ကျွန်းစုတွင် ပေ ၄၀ အရှည်ရှိသည့် ဘရိုင်းဝေလငါး (Bryde’s Whale) အသေတစ်ကောင်တွေ့

ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ လင်းလွန်းကျေးရွာတွင် ပေ ၄၀ အရှည်ရှိသည့် ဘရိုင်းဝေလငါး (Bryde’s Whale) အသေတစ်ကောင် တွေ့ရှိကြောင်း ယင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ လင်းလွန်းကျေးရွာရှိ သောင်ပြင်တွင် ဖေဖော်ဝါရီလ ၄ရက်က ဝေလငါး...

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ထဲတွင် ယနေ့(ဖေဖော်ဝါရီ ၆) မနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အထူးစီးပွားရေးဇုန်အဝင်ဝတွင် ဘန်ကာဆောက်ရန်လာသော စစ်ကောင်စီတပ်သားများနှင့် အရပ်သား ဆောက်လုပ်ရေးလုပ်သားများ လိုက်ပါလာသည့်...

ပုလော၊ သကျက္ကမ်းရွာသားတစ်ဦး ပစ်သတ်ခံရ

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ သကျက္ကမ်းရွာသားတစ်ဦး ပစ်သတ်ခံရပြီး အခြားအမျိုးသားတစ်ဦးကိုလည်း လက်နက်ကိုင်ထားသူ တစ်ခုက ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ကျောက္ကာကျေးရွာအုပ်စု၊ သကျက္ကမ်းရွာတွင်နေထိုင်သည့် အမျိုးသားကို ဖေဖော်ဝါရီ ၄ ရက်ညက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ နေအိမ်တွင် လာရောက်ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။

မလေးရှားသွားမည့် မြန်မာလုပ်သား ၅ဝနီးပါး ထိုင်းတွင်ဖမ်းဆီးခံရ၊ ကျပ်သိန်းနှစ်ထောင်လည်းအလိမ်ခံရ

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၄၉ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် ကောလတ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုင်းနယ်ခြားစောင့်တပ်က...