လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

0
2707

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာက ရွာသားတစ်ဦး ယနေ့ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်ခတ်ခံရသူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ကရင်ကြီးရွာသား ဦးတင်အေးဆိုသူဖြစ်ပြီး ကျောက်ဆင်ရွာ နတ်ကနားပွဲကပြန်လာစဉ် သဘော့ဆိပ်နှင့် ပြင်ကြီးရွာကြားတွင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပွဲချင်းပြီးသေသွားတယ်လို့ ကြားရတယ်” ဟု ၎င်းက ဆိုသည်။

ဦးတင်အေးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။

၎င်း၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းက အရေးပေါ်ကားဖြင့် ထားဝယ်ကို သယ်ဆောင်သွားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။