ထားဝယ်အထူးစီးပွားရေးဇုန်တွင် တိုက်ပွဲဖြစ်

0
2721

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ထဲတွင် ယနေ့(ဖေဖော်ဝါရီ ၆) မနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အထူးစီးပွားရေးဇုန်အဝင်ဝတွင် ဘန်ကာဆောက်ရန်လာသော စစ်ကောင်စီတပ်သားများနှင့် အရပ်သား ဆောက်လုပ်ရေးလုပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

” လက်နက်ကြီးတွေပါပစ်ကြာတာ”ဟု ၎င်းကပြောသည်။

ပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ရေနက်ဆိပ်ကမ်းထဲမှ လုံခြုံရေးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။‌