မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ် ပြန်ပြေးဆွဲမည်

ကိုဗစ်ဖြစ်ပွားပြီးနောက် ရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်းခရီးစဉ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း မော်လမြိုင်ဌာနခွဲမှ သိရသည်။ မော်လမြိုင်-ရန်ကုန် လေးကြောင်းလိုင်းခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာနှင့် သောကြာ နှစ်ရက်...

မော်လမြိုင်ပစ်ခတ်မှု PDF ငါးဦးအဖမ်းခံရ၊ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားတို့ သေဆုံး

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် PDF တပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး ရာမှ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားတို့ သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီး ခံရကြောင်း မြို့ခံများထံမှ သိရသည်။

မွန် မြို့နယ်သုံးခုတွင် ရေကြီးရေလျှံ

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအချို့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံနေကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊...

မွန်တွင် ရော်ဘာစျေး ပြန်ကျ

မွန်ပြည်နယ်တွင် အောက်တိုဘာလကုန်ပိုင်းခန့်မှစကာ ရော်ဘာ‌စျေးနှုန်း ပြန်ကျလာသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ် ပြုလုပ်နေသူတို့ထံမှ သိရသည်။ ရော်ဘာရာသီအစက ရော်ဘာ‌စျေးကောင်းရရှိခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်းခန့်မှစကာ ရော်ဘာစျေး ပြန်လည်ကျဆင်းလာခဲ့သည်။ ရော်ဘာရာသီအစက ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-3 တစ်ပေါင်လျှင်...

မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦး ထောင်ဒဏ် ၁၃နှစ်ချမှတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။ ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ယခုနှစ် ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိကျောင်းကျေးရွာမှ ဦးကျော်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ၎င်းသည် ကျောက်မိကျောင်းရွာနှင့် ကျုံလောင်းရွာဟောင်းလမ်းဆုံနေရာတွင် စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

သထုံတွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာမှ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိုးဝင်းဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်အချိန်ခန့်က...

စစ်ကောင်စီနှင့် ထပ်မတွေ့ရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့ ၁၀ ဖွဲ့က တောင်းဆို

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်အဖွဲ့အစည်း ၁၀ ဖွဲ့တို့က မွန်ပြည်သစ်ပါတီထံ စာပေးပို့ပြီး တိုက်တွန်းတောင်းဆိုလိုက်သည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ၎င်းတို့၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်ရှာရန်သာ ဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် ယနေ့ (စက်တင်ဘာ...

ကျိုက်ထိုတွင် ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် ဦးအေးလွင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို အမည်မသိ သေနတ်သမားတို့က...

ဘီးလင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိသေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။