လမိုင်းမြို့ နယ်ထိန်းရဲ ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နယ်ထိန်းရဲ ယနေ့ (စက်တင်ဘာ ၂၁) မွန်းလွဲပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လမိုင်းမြို့ နယ်ထိန်းရဲ ဒုရဲအုပ် အောင်ကျော်မင်း ယနေ့ မွန်းလွဲ ၂...

ရေးရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို မွန်-တနင်္သာရီ တော်လှန်ရေးအင်အားစုများ မောင်းသူမဲ့လေယာဥ်ဖြင့်ဗုံးချ

မွန်ပြည်နယ်၊ ရေးမြို့အပြင် တောင်ဘက်ရှိ စစ်ကောင်စီတပ် စခန်းနှစ်ခုကို မွန်-တနင်္သာရီ တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး နိုဝင်ဘာလ၂၅ ရက်က မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်သည်။ တောင်ချွန်ကြီးတောင်ကုန်းနှင့် ဝက်တောင်ကုန်းတို့ရှိ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ကာစခန်းချနေသည့် စခန်းနှစ်ခုကို မောင်းသူမဲ့ လေယာဥ် (SF-Z) အသုံးပြုပြီး...

သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၊ တစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ် တစ်စီး ပစ်ခတ်ခံရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော ရွှေဝယ်မင်း ခရီးသည်တင်မှန်လုံယာဉ်သည် အောက်တိုဘာ ၂၄...

မွန်ပြည်နယ်မှ စစ်မှုထမ်းစာရင်းပေးပို့ရန် ရပ်/ကျေးများကို စစ်ကောင်စီညွှန်ကြား

မွန်ပြည်နယ်တွင်နေထိုင်သူများ၏ စစ်မှုထမ်းလူစာရင်းပေးပို့ကြရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ညွှန်ကြားထားကြောင်း သိရသည်။ စစ်မှုထမ်းရန်အတွက် လူစာရင်းကို မတ်လနောက်ဆုံးပတ်အတွင်း ပေးပို့ရန် ညွှန်ကြားထားကြောင်းလည်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အစင်ကျေးရွာတွင် နေထိုင်သည့် ကိုဖိုးစည်ဆိုသူကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က ရေးမြို့ တူးမြောင်း ကျေးရွာအနီး...

ခေါဇာမြို့ စခန်းမှူးနှင့် တပ်သားနှစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သားနှစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခေါဇာမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့သည် ခေါဇာမြို့မှ ရေးမြို့သို့ သွားစဉ် ယနေ့ (စက်တင်ဘာ ၃၀) နံနက်...

ပစ်ခတ်မှုဖြစ်ပြီးနောက် ကျိုက်ထီးရိုးတောင်သို့ ဘုရားဖူးလာရောက်မှု နည်းပါး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘုရားဖူးလာရောက်မှု နည်းပါးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီး အောက်တိုဘာလ ၁၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားရာ ဘုရားဖူးအမျိုးသမီး သုံးဦးသေဆုံးကာ...

ကျိုက်မရော တောင်ကလေးရဲစခန်း တိုက်ခိုက်ခံရ၊ လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်လာရောက်ကာ ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျိုက်မရောမြို့နယ် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး...

သထုံခရိုင်တွင် နေအိမ် ၁ဝလုံး ချိတ်ပိတ်ခံရ

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦး၏ နေအိမ်အပါအဝင် ဒေသခံနေအိမ် ၁၀ လုံး ယခုရက်ပိုင်းအတွင်း ဆက်တိုက်ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သထုံခရိုင် ဘီးလင်းမြို့နယ် အလူးကျေးရွာရှိ NLD ပါတီဝင် ဒေါ်အေးသီတာမြင့်...

မွန်တွင် လက်ကျန်ဆားနည်းသဖြင့် ဆားကြမ်းဈေးမြင့်တက်

မွန်ပြည်နယ်တွင် လက်ကျန် ဆားနည်းပါးလာသည့်အတွက် ဆားဈေးမြင့်တက်လာကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ဆားထုတ်လုပ်ရာသီတွင် မိုးဖျက်၍ ဆားအထွက်နည်းခဲ့ခြင်းကြောင့် လက်ကျန်ဆားနည်းပါးလာကာ ဆားဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။ ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလခန့်က ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၈၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၂၇၀...