သထုံတွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

0
3944

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာမှ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိုးဝင်းဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်အချိန်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဒေးဗရိန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင်  ထိုင်နေစဥ် သေနတ်ဖြင့် လာရောက်ပစ်ခတ် သွားခဲ့ခြင်းဖြစ်သည်။

”လက်ဖက်ရည်သောက်နေတဲ့အချိန်မှာ အပစ်ခံရတယ်၊ ခေါင်းထိပြီး ပွဲချင်းပြီးပဲ သူက ပြည်သူ့စစ် ဟုတ်တယ်” ဟု ဒေးဗရိန်းဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် ဦးခေါင်းဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူများကို အကျပ်ကိုင်ခြင်း၊ PDF များကို ချေးမှုန်းပြမည်ဟု ပြောဆိုနေသောကြောင့် ပစ်ခတ်ရှင်းလင်း လိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

သေဆုံးသွားသည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုးဝင်းထံမှ ပျုစောထီးစာရင်း၊ စာရွက်စာတမ်းများနှင့် ခြောက်လုံးပြူး သေနတ် တစ်လက် သိမ်းဆည်းရမိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စဈတပြ အာဏာသိမြးပှီးနောကြ သထုံမှို့နယအြတှငြးမှ  စဈကောငစြီသတငြးပေး ဆိုသူမွား၊ စဈကောငစြီခန့ြ အုပခြွုပရြေးမှူးမွား၊ ပှညသြူ့စဈအဖှဲ့ဝငမြွားကို ပှညသြူ့ကာကှယရြေးတပမြွားက  မကှာခဏ ပဈခတရြှငြးလငြးလေ့ရှိသညြ။