ကော့သောင်းတွင် ဂက်စ်အိုး ပေါက်ကွဲ၍ နေအိမ်မီးလောင်

ကော့သောင်းတွင် ဂက်စ်အိုးပေါက် ကွဲရာမှတစ်ဆင့် နေအိမ်တစ်ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့နယ်၊ ဖော့သုတ် ကျေးရွာတွင် မေလ ၂၁ ရက်က အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး နံနက်စာချက်ပြုတ်ရန် ပြင်ဆင်စဉ် ဂက်စ်အိုး ပေါက်ကွဲခဲ့ကြောင်း...

အမျိုးသမီးတစ်ဦးအား ပါးရိုက်ပြီး တုတ်ဖြင့်ရိုက်သူအား အမှုဖွင့်

ကော့သောင်းမြို့တွင် အမျိုးသမီး တစ်ဦးအား ပါးရိုက်ပြီး တုတ်ဖြင့်ရိုက်သူအား အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ် ကွက်တွင် မေလ ၂၂ ရက်က ကွမ်းယာ ရောင်းနေသည့် အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို အရက်မူးနေသူက...

ဘုတ်ပြင်းမြို့နယ်တွင် ဒီရေတော အပင်ခြောက်သောင်းကျော် စိုက်မည်

ဘုတ်ပြင်းမြို့နယ် ချောင်းကဖီး ဒီရေတော ကြိုးပြင်ကာကွယ်တောတွင် ဒီရေတောအပင် ခြောက်သောင်းကျော်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ တစ်ဧကလျှင် ၁၂၁၀ ပင်နှုန်းဖြင့် ဧက ၅၀ တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းအတွင်း သစ်ပင်သုံးသိန်း စိုက်ပျိုးမည်

တိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ် တွင် သစ်ပင်သုံးသိန်းကို လာမည့် ဇွန်လ ၁၉ ရက်တွင် ပြုလုပ်မည့် သစ်ပင်စိုက် ပွဲတော်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တိုင်းသစ်တောဦးစီးဌာနထံမှ သိရသည်။ ယခင်နှစ်များက သစ်ပင်စိုက် ပွဲတော်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊...

ဆလုံဘာသာစကားသင်ရိုး သဒ္ဒါ၊ ဗျည်း၊ သရ စစ်ရန် တနင်္သာရီတိုင်းသို့ ပြန်ပို့ထား

ဆလုံဘာသာစကားသင်ရိုးတွင် သဒ္ဒါအထားအသို နှင့် ဗျည်း၊သရ မှန်/ မမှန် ပြန်လည်စစ်ဆေးပေးရန် ပြည်ထောင်စု မှ တနင်္သာရီတိုင်းသို့ ပြန်လည် စစ်ဆေး ခိုင်းထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနတာဝန်ခံအရာရှိထံမှ သိရသည်။ ဆလုံကျောင်းသားများ တက်ရောက် နေသည့်  အခြေခံပညာမူလတန်းကျောင်း...

တိုင်းတွင်း ဌာနမီတာများ ယူနစ်နှစ်ဆယ်အထိ ၃၅ ကျပ်နှုန်းဖြင့် သုံးစွဲခွင့်ရရေး လှုပ်ရှားမှု စတင်မည်

တနင်္သာရီတိုင်းအတွင်း ဌာနမှ တပ်ဆင်ထားသည့်မီတာများကို နှစ်ဆယ်ယူနစ် အထိ ၃၅ ကျပ်နှုန်းထားဖြင့် သုံးစွဲခွင့်ရရှိရေး လက်မှတ်ရေးထိုးတောင်းဆိုသည့်လှုပ်ရှားမှုတစ်ရပ်ကို စတင်မည်ဟု တိုင်း တွင်း လျှပ်စစ်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ မေလ ၁၈ ရက်က ထားဝယ်မြို့တွင် ကျင်းပသည့် ထားဝယ်ခရိုင် လျှပ်စစ်ပြသနာဆိုင်ရာဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြပြီးနောက်...

ပိုကောင်းဆီအုန်းကုမ္ပဏီမှ ဖောက်ပေးထားသည့် ရွာလမ်းအား သစ်တောက စွန့်လွှတ်မှသာ ပြုပြင်နိုင်မည်

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စုမှ ကျေးရွာအချို့ သွားလာ ရန်အတွက် ပိုကောင်းဆီအုန်းကုမ္ပဏီမှ စွန့်လွှတ်ကာ ဖောက်ပေးထားသည့် လမ်းအား ကျေးရွာချင်းဆက်လမ်းအဖြစ် သတ်မှတ် ကာ အစိုးရဘတ်ဂျက်ဖြင့်ပြုပြင် နိုင်ရေးမှာ သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပေးရန်လို ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းလမ်းမှာ ကုမ္ပဏီမှ စွန့်လွှတ်ပီး...

စကားများရာမှ ခင်ပွန်းဖြစ်သူက ဓားဖြင့်ခုတ်သဖြင့် ဇနီးသေဆုံး

ကော့သောင်းမြို့နယ်၊ လုံးဖောရွာတွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဓားဖြင့် ခုတ်သဖြင့် ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မေလ ၁၀ ရက် နံနက် ၉ နာရီခွဲခန့် က ကမ်းနားလမ်းရေဆိပ်အနီးရှိ ခြောက်ခန်း တွဲတန်းလျားတွင် နေထိုင်သည့် လင်မယား စကားများရန်ဖြစ်ရာမှ...

ပါချန်မြစ် တစ်လျှောက် ကမ်းပါးပြိုကျမှုကြောင့် ရွာမြေ ဆုံးရှုံးမည်ကို စိုးရိမ်

ထိုင်း-မြန်မာနယ်ခြားမြစ်တစ်ခုဖြစ်သည့် ပါချန်မြစ်တစ်လျှောက်တွင် ကမ်းပါး ပြိုကျမှု တစ်နှစ်ထက် တစ်နှစ်များလာပြီး စိုက်ပျိုးမြေနှင့် ရွာမြေဆုံးရှုံးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ထိုင်းနိုင်ငံဘက်ကမ်းတစ်လျှောက်ရှိ နေရာအချို့တွင် မြေထိန်းနံရံများ တည်ဆောက် ထားသည့်အတွက် တစ်ဖက်ကမ်းရှိ မြန်မာ နိုင်ငံဘက်တွင် ကမ်းပါးပြိုကျမှုများ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်ဟု ဒေသခံတို့က ဆိုသည်။

မြန်မာပိုင်နက်အတွင်း ငါးဖမ်းသည့် ရေလုပ်သားသုံးဦးကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းဘက်က ဖမ်းဆီးထား

ကော့သောင်းမြို့နယ်၊ ယမုံနာရွာ အနီးတွင် ကျားပါးစပ်ပိုက်ဖြင့် ငါးဖမ်းဆီး နေသည့် ယမုံနာရွာသား သုံးဦးကို နယ်စပ် ဖြတ်ကျော် ငါးဖမ်းဆီးနေသည်ဟု ဆိုကာ ထိုင်းစစ်တပ်မှ ဧပြီလ ၁၉ ရက်က လာရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။