ပိုကောင်းဆီအုန်းကုမ္ပဏီမှ ဖောက်ပေးထားသည့် ရွာလမ်းအား သစ်တောက စွန့်လွှတ်မှသာ ပြုပြင်နိုင်မည်

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စုမှ ကျေးရွာအချို့ သွားလာ ရန်အတွက် ပိုကောင်းဆီအုန်းကုမ္ပဏီမှ စွန့်လွှတ်ကာ ဖောက်ပေးထားသည့် လမ်းအား ကျေးရွာချင်းဆက်လမ်းအဖြစ် သတ်မှတ် ကာ အစိုးရဘတ်ဂျက်ဖြင့်ပြုပြင် နိုင်ရေးမှာ သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပေးရန်လို ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းလမ်းမှာ ကုမ္ပဏီမှ စွန့်လွှတ်ပီး...

စကားများရာမှ ခင်ပွန်းဖြစ်သူက ဓားဖြင့်ခုတ်သဖြင့် ဇနီးသေဆုံး

ကော့သောင်းမြို့နယ်၊ လုံးဖောရွာတွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဓားဖြင့် ခုတ်သဖြင့် ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မေလ ၁၀ ရက် နံနက် ၉ နာရီခွဲခန့် က ကမ်းနားလမ်းရေဆိပ်အနီးရှိ ခြောက်ခန်း တွဲတန်းလျားတွင် နေထိုင်သည့် လင်မယား စကားများရန်ဖြစ်ရာမှ...

ပါချန်မြစ် တစ်လျှောက် ကမ်းပါးပြိုကျမှုကြောင့် ရွာမြေ ဆုံးရှုံးမည်ကို စိုးရိမ်

ထိုင်း-မြန်မာနယ်ခြားမြစ်တစ်ခုဖြစ်သည့် ပါချန်မြစ်တစ်လျှောက်တွင် ကမ်းပါး ပြိုကျမှု တစ်နှစ်ထက် တစ်နှစ်များလာပြီး စိုက်ပျိုးမြေနှင့် ရွာမြေဆုံးရှုံးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ထိုင်းနိုင်ငံဘက်ကမ်းတစ်လျှောက်ရှိ နေရာအချို့တွင် မြေထိန်းနံရံများ တည်ဆောက် ထားသည့်အတွက် တစ်ဖက်ကမ်းရှိ မြန်မာ နိုင်ငံဘက်တွင် ကမ်းပါးပြိုကျမှုများ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်ဟု ဒေသခံတို့က ဆိုသည်။

မြန်မာပိုင်နက်အတွင်း ငါးဖမ်းသည့် ရေလုပ်သားသုံးဦးကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းဘက်က ဖမ်းဆီးထား

ကော့သောင်းမြို့နယ်၊ ယမုံနာရွာ အနီးတွင် ကျားပါးစပ်ပိုက်ဖြင့် ငါးဖမ်းဆီး နေသည့် ယမုံနာရွာသား သုံးဦးကို နယ်စပ် ဖြတ်ကျော် ငါးဖမ်းဆီးနေသည်ဟု ဆိုကာ ထိုင်းစစ်တပ်မှ ဧပြီလ ၁၉ ရက်က လာရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လုပ်ဖော်ကိုင်ဖက်အား ဓားဖြင့် ခုတ်သတ်သူ နှစ်လခန့်အကြာတွင် ရဲစခန်းသို့ လာအဖမ်းခံ

ကော့သောင်းမြို့နယ်တွင် လုပ်ဖော်ကိုင်ဖက်အား ဓားဖြင့် ခုတ်သတ်ခဲ့သည့် အမျိုးသားတစ်ဦးသည် နှစ်လခန့်အကြာတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ချောင်းဖျားကြီးကျေးရွာ ဆီအုန်းတောအတွင်း ၀ါးခုတ်လုပ်ငန်းအတူ လုပ်ကိုင်သည့် အမျိုးသားနှစ်ဦးသည် မတ်လ ၁၈ ရက်က ထမင်းမချက်သည့် ကိစ္စဖြင့် စကားများခဲ့ပြီး အဖော်ဖြစ်သူ အမျိုးသားကို...

ဘုတ်ပြင်းတွင် ကျေးရွာနှစ်ဆယ်ခန့် တောဆင်ရိုင်းခြိမ်းခြောက်မှု ကြုံနေရ

ကော့သောင်းခရိုင်ရှိ ဘုတ်ပြင်းမြို့နယ်တွင် အနည်းဆုံး ကျေးရွာနှစ်ဆယ်ခန့် မှာ တောဆင်ရိုင်းခြိမ်းခြောက်မှု အန္တရာယ် နှင့်ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် အပြည်ပြည်ဆိုင်ရာ သစ်ပင်နှင့် သားငါးတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ FFI ထံမှ သိရသည်။ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျေးရွာ ၄၀ ခန့်တွင် FFI ၏ ကွင်းဆင်း...

ကျွန်းစုနှင့် ကော့သောင်းရှိ စာသင်ကျောင်း ၁၅ ကျောင်း တင်ဒါလျှောက်သူမရှိ၍ မဆောက်ဖြစ်တော့

ကျွန်းစုနှင့် ကော့သောင်းမြို့နယ်ရှိ စာသင်ကျောင်း ၁၅ ကျောင်းဆောက်လုပ်ရန် တင်ဒါလာလျှောက်သူမရှိသဖြင့် မဆောက်ဖြစ်တော့ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ကျွန်းစုတွင် ၉ ကျောင်းနှင့် ကော့သောင်း တွင် ၆ ကျောင်းကို တင်ဒါလျှောက်ထား သူမရှိခဲ့ခြင်းကြောင့် မဆောက်ဖြစ်တော့ဘဲ ဧပြီလနောက်ဆုံးအပတ်က အခြေခံပညာ ဦးစီးဌာနသို့...

ပါချန်မြစ်ကြောင်းတစ်လျှောက် ကျောက်/သဲစုပ်ခွင့် ချပေးထားခြင်း မရှိ

ကော့သောင်းမြို့နယ် ပါချန်မြစ်ကြောင်း တစ်လျှောက်တွင် ကျောက်/သဲ စုပ်ခွင့် တရားဝင် ချထားပေးခြင်း မရှိ ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။ အကယ်၍ ခွင့်ပြုချက်မရှိဘဲ စုပ်ယူနေပါက ကွင်းဆင်းစစ်ဆေး ဖမ်းဆီးသွားမည်ဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးထံမှ သိရသည်။

ကော့သောင်းပင်လယ်ပြင်တွင် ဘီလီယံဆယ်ချီ တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိပြန်

ကော့သောင်းမြို့နယ် အတွင်းရှိ သံကျွန်းအနောက်ဘက် ရေမိုင် ၁၅၄မိုင် အကွာတွင် ကျပ် ၃၀ ဘီလီယံ(တစ်ဘီလီယံသည် ကျပ်သန်း ၁၀၀၀ နှင့် ညီမျှသည်။) ကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် စက်လှေတစ်စီးကို ဧပြီ ၂၆ရက်က တပ်မတော်(ရေ)မှ ဒုတိယအကြိမ် ဖမ်းဆီးလိုက်ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ထိုင်းရောက်မြန်မာကျောင်းသားများအတွက် အ၀တ်အစားသယ်ဆောင်သူ ငွေဒဏ်နှင့် ပြည်နှင်ဒဏ်ပေးခံရ

ထိုင်းနိုင်ငံ ဖန်ငှါမြို့တွင် တည်ထောင်ထားသော ရွှေမြန်မာပရဟိတစာသင်ကျောင်းရှိ ကျောင်းသူကျောင်းသားများ အတွက် ကျောင်းဝတ်စုံများ အခွန်မဆောင်ဘဲ သယ်ဆောင်လာသည့် ကျောင်း တည်ထောင်သူအား ထိုင်းတရားရုံးက ဒဏ်ငွေရိုက်ကာ ထိုင်းလူဝင်မှုကြီးကြပ်ရေးက ပြည်နှင်ဒဏ်ပေးလိုက်သည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အလှူရှင်များမှ ပေးပို့လိုက်သော ကျောင်းဝတ်စုံများအား ရွှေမြန်မာကျောင်းတည်ထောင်သူ ဦးဝင်းနိုင်က ပြီးခဲ့သည့် မတ်လ...