ပိုကောင်းဆီအုန်းကုမ္ပဏီမှ ဖောက်ပေးထားသည့် ရွာလမ်းအား သစ်တောက စွန့်လွှတ်မှသာ ပြုပြင်နိုင်မည်

0
1266

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စုမှ ကျေးရွာအချို့ သွားလာ ရန်အတွက် ပိုကောင်းဆီအုန်းကုမ္ပဏီမှ စွန့်လွှတ်ကာ ဖောက်ပေးထားသည့် လမ်းအား ကျေးရွာချင်းဆက်လမ်းအဖြစ် သတ်မှတ် ကာ အစိုးရဘတ်ဂျက်ဖြင့်ပြုပြင် နိုင်ရေးမှာ သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပေးရန်လို ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းလမ်းမှာ ကုမ္ပဏီမှ စွန့်လွှတ်ပီး ဖြစ်သော်လည်း သစ်တောမြေအတွင်း ကျရောက်နေသဖြင့် သက်ဆိုင်ဌာနမှ အမြန်ဆုံး စွန့်လွှတ်ပေးပါက ကျေးရွာချင်း ဆက်လမ်းအဖြစ် သတ်မှတ်ပြီး ပြင်ဆင် ထိန်းသိမ်းသည့်လုပ်ငန်းစဉ်အားအမြန် အကောင်အထည် ဖော်နိုင်မည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

“မြေအမျိုးအစားက သစ်တောမြေ ဖြစ်တယ်။ သစ်တောက နုတ်ပယ်ပြီးတော့မှ ကျေးလက်ကို ပြန်ချပေးရမယ်။ ကျေးလက် ပိုင်မှ ပြုပြင်ထိန်းသိမ်းနိုင်မယ်။ အဆင့်ဆင့် ဆောင်ရွက်ရမယ်။ ဘယ်လောက်ကြာဦး မလဲဆိုတော့ သစ်တောဌာနရဲ့ ဆောင်ရွက်မှု ပေါ်မှာ မူတည်တယ်”ဟု ဦးနေဦးက ပြော သည်။

ယင်းလမ်းမှာ ဘာလိအော်၊ တောဝိုင်းမော်၊ ကံမော်ကြီး၊ ကျားကိုက်အော်၊ အောင်ဇမ်္ဗူ ရွာငါးရွာမှ ထားဝယ်-ကော့သောင်း အမှတ် ၈ လမ်းမကြီးပေါ်သို့ တက်ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းပိုင်း ဖြစ်သည်။

ထိုရွာများသည် ယခင်က ပိုကောင်း ဆီအုန်းခြံအတွင်းလမ်းမှ ဖြတ်သန်းနေကြ ပြီး ပိုကောင်းကုမ်္ပဏီမှ ၀ါးတားဂိတ်များ ပြုလုပ်ကာ ဖြတ်သန်းသည့်ရွာသားများကို စစ်မေးခြင်း၊ ညဘက် ဖြတ်သန်းခွင့် မပြုခြင်းတို့ကြောင့် ရွာသားတို့ အခက်ကြုံ ခဲ့ရဖူးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း ခရီးစဉ်တွင် ရွာသားများက ယင်းအခက် အခဲကိုတင်ပြကြရာ ဒေါ်အောင်ဆန်းစုကြည်က ဂိတ်များကို ဖြုတ်သိမ်းရန် ညွှန်ကြား ခဲ့သည်။

ပိုကောင်းကုမ္ပဏီက ခရိုင်အုပ်ချုပ်ရေးမှူး၊ ရွာသားအချို့နှင့် ညှိနှိုင်းကာ ဆီအုန်းခြံဘေးတစ်လျှောက် ပေ ၃၀ အကျယ် ၉ မိုင်ကျော် လမ်းပိုင်းသစ်ကို ဖောက်ပေး ကာ လမ်းမြေကို စွန့်လွှတ်ပေးခဲ့ ခြင်း ဖြစ်သည်။

ယင်းလမ်းကို ပိုကောင်းကုမ္ပဏီက မြေသားလမ်းအဖြစ် ဖောက်လုပ်ပေး ထားပြီး အချို့နေရာများတွင် မတ်စောက်ကာ လမ်းဘေးဝဲယာတွင် ရေမြောင်း မရှိသဖြင့် ယခု မိုးအနည်းငယ် ရွာသွန်းချိန် တွင်ပင် လမ်းပေါ်၌ ရေစီးကြောင်းများ ဖြစ်ပေါ်ကာ လမ်းသားများ စတင်ပျက်စီးစ ပြုနေပြီ ဖြစ်သည်။

“အခု မိုးကျရင် ဆိုင်ကယ်တွေ ကား တွေ သွားလို့မရတော့မယ့်အခြေအနေမျိုး ဖြစ်သွားတော့မယ်” ဟု ဘာလိအော်ရွာသား ဦးစိုးအောင်က ပြောသည်။

Dawei Watch