အမျိုးသမီးတစ်ဦးအား ပါးရိုက်ပြီး တုတ်ဖြင့်ရိုက်သူအား အမှုဖွင့်

0
469

ကော့သောင်းမြို့တွင် အမျိုးသမီး တစ်ဦးအား ပါးရိုက်ပြီး တုတ်ဖြင့်ရိုက်သူအား အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ် ကွက်တွင် မေလ ၂၂ ရက်က ကွမ်းယာ ရောင်းနေသည့် အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို အရက်မူးနေသူက ယင်းသို့ကျူးလွန်ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

အသက် ၅၁ နှစ်အရွယ်ရှိ အရက်မူး နေသည့် အမျိုးသားက ကွမ်းယာတောင်း စားရာမှ စကားများကြပြီး အထက်ပါ အမျိုးသမီးကို ပါးရိုက်ခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

ပါးရိုက်ပြီးနောက် ကွမ်းယာဆိုင် တွင် ထောင်ထားသည့် တုတ်ဖြင့် ထပ်မံရိုက် နှက်ခဲ့သဖြင့် နှစ်ဦးလုံးထွေးသတ်ပုတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လုံးထွေးသတ်ပုတ်စဉ် အမျိုးသား ဖြစ်သူက အမျိုးသမီးဝတ်ဆင်ထားသည့် အင်္ကျီအား ဆွဲဖြဲရာ အနီးဝန်းကျင်ရှိသူ များက လာရောက်ဖြန်ဖြေပေးခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မေလ ၂၃ ရက်တွင် အဆိုပါ အမျိုးသမီးက ရဲစခန်း သို့ လာရောက်တိုင်ကြားရာ ကျူးလွန်ခဲ့ သည်ဟုဆိုသည့် အမျိုးသားကို ဖမ်းဆီး ရန် စီစဉ်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အသက် ၅၁ နှစ်အရွယ်ရှိ အထက်ပါ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၅၄(မိန်းမ၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်ကျူးလွန်ခြင်း)/ ၃၂၃(နာကျင်စေမှု) ဖြင့် ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

Dawei Watch