ကော့သောင်း အကျဉ်းသား ထပ်ရွှေ့

ယခုနှစ်ဆန်းပိုင်းအတွင်း ကော့သောင်း အကျဉ်းသားများကို ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရွှေ့ပြောင်းလိုက်ကြောင်း ကော့သောင်းအကျဉ်းဦးစီးဌာနထံမှသိရသည်။ ကော့သောင်းမြို့နယ်၊ ၉ မိုင်အကျဉ်းထောင်မှ အပြစ်ဒဏ်အသီးသီးကျခံနေသည့် အကျဉ်းသား ၂၀ ဦးကို မြစ်ကြီးနားသင်္ဘောဖြင့် မြိတ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်က အကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပြီးနောက်ပိုင်း အကျဉ်းသားများကို စတုတ္ထအကြိမ်ရွှေ့ပြောင်း လိုက်ခြင်းဖြစ်ပြီး...

ရေလုပ်သားများ မူးယစ်ဆေးဝါးကျွေးမှ အလုပ်လုပ်ဟု ရေလုပ်ငန်းရှင်များဆို

မန်မာနိုင်ငံ တောင်ပိုင်းရှိ ကမ်းနီးငါးဖမ်းလှေတွင် လုပ်ကိုင်နေသောရေလုပ်သားများသည် တစ်နှစ်ထက် တစ်နှစ် မူးယစ်ဆေးဝါးသုံးစွဲမှု များလာပြီး မူးယစ်ဆေးဝါးကျွေးသည့် လှေတွင်သာ အလုပ်လုပ်လိုကြကြောင်းရေလုပ်ငန်းအသိုင်းအ၀ို်င်းထံမှ သိရသည်။ ငါးဖမ်းလှေတွင် အလုပ်လုပ်ကိုင်လိုသူ ရှားပါးလာသည်နှင့် အမျှ အချို့လှေလုပ်သားများသည် မူးယစ်စိတ်ကြွဆေးပြားများ သုံးစွဲမှသာ အလုပ်လုပ်နိုင်ကြပြီး လှေရှင်အား မူးယစ်ဆေးဝယ်ခိုင်းသည် အထိရှိလာကြောင်း ယင်းအသိုင်းအ၀ိုင်းက ဆိုသည်။ “တချို့ဆို လှေရှင်ကို ဆေးကျွေးမလား။...

ဗိုလ်ချုပ်မွေးနေ့ ရာပြည့် အထိမ်းအမှတ် အစိုးရကျောင်းများတွင် ပထမအကြိမ် ကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ အစိုးရ စာသင်ကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ရာပြည့်အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပညာရေးအသိုင်းအဝိုင်းထံမှသိရသည်။ စာသင်ကျောင်းများတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ၃ ဆင့် သတ်မှတ်ထားပြီး စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဟောပြောပွဲ ၊ ဆွေးနွေးပွဲ ကျပန်း...

ကော့သောင်းမြို့ပေါ်တွင် မီးလောင်

ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၊ စိန်ပန်းလမ်း တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂ လုံးနှင့် အခန်းတွဲ ၃ တွဲ မီးလောင်ခဲ့ကြောင်း  သက်ဆိုင်ရာ အုပ်ချုပ်ရေးထံမှသိရသည်။ အခန်းတွဲ ၃ တွဲ ထိပ်ဆုံးခန်းအနောက်ဘက်မှ...

ထိုင်းနယ်စပ် ပါချန်မြစ်အတွင်း ဂတ်စ်အိုးပေါက်ကွဲ၊ စက်လှေ မီးလောင်

ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့နယ် အုန်းကျွန်းအနီး ပါချန်မြစ်လယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ငါးကဲ့လှေတစ်စီး ဂတ်စ်အိုး ပေါက်ကွဲသဖြင့် လှေမီးလောင်ကာ အလုပ်သမား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း လှေအလုပ်သမားများထံမှ သိရသည်။ ထမင်းချက်ရာတွင် အသုံးပြုသည့် ဂတ်စ်အိုး မှ ဂတ်စ်များစိမ့်ထွက်ပြီး...

ဆိုင်ကယ် လုယက်မှုများကြောင့် ကော့သောင်း မြို့ပြင်တွင် စစ်ဆေးရေးဂိတ်တစ်ခု ထားမည်

လုယက်လူသတ်မှု များလာသဖြင့် ကော့သောင်းမြို့ပြင်ကျေးရွာများသို့ ခရီးသည်ပို့မည့် ဆိုင်ကယ် တက္ကစီများ လုံခြုံရေးအရ သတင်းပို့နိုင်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ရွှေပြည်စိုးကျေးရွာ ပွိုင့်လမ်းဆုံတွင် ထားရှိရန်စီစဉ်ထားကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး (ယာယီ) က ပြောကြားသည်။   မြို့ပြင် ကျေးရွာများသို့ မျက်နှာစိမ်းခရီးသည်များ ပို့သည့် ဆိုင်ကယ် တက္ကစီများ မကြာခဏ လူသတ် လုယက်ခံရသဖြင့်...

လစဉ် အရှုံးပေါ်၍ ကော့သောင်း ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းလုပ်ငန်း အုပ်ချုပ်ရေး ပြန်လွဲ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်တွင် လုပ်ကိုင်နေသည့် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းလုပ်ငန်း လစဉ် အရှုံးပေါ်သဖြင့် လာမည့် ဖေဖော်ဝါရီလတွင် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများထံ လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ယင်းရပ်ကွက် သန့်ရှင်းရေး ကော်မတီထံမှ သိရသည်။ ယင်းရပ်ကွက်က ရပ်ကွက်သန့်ရှင်းရေးကော်မတီဖွဲ့ကာ ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းလုပ်ငန်းကို ဧပြီလတွင် လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍ ဒီဇင်ဘာလကုန်အထိ (၉)...

ကော့သောင်းတွင် ဆိုင်ကယ်လု လူသတ်မှုနှစ်စဉ် ဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း ပြီးခဲ့သည့် ၇ နှစ်အတွင်း နှစ်စဉ် ဆိုင်ကယ်လု လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြိုနယ် ရဲတပ်ဖွဲ့ စခန်းမှူး(ယာယီ) က ပြောကြားသည်။ ၇ နှစ်အတွင်း ဆိုင်ကယ်လု လူသတ်မှု ၁၀ မှု ဖြစ်ပွားခဲ့ပြီး ၈ ဦးသေဆုံးခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့နှင့်...

ကော့သောင်းမြို့အနီး ကျွန်းများသို့ ထိုင်းဘက်မှ ဘင်္ဂါလီများ လာပို့ဟုဆို

မြန်မာ နိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့ အနီး ပါချန်မြစ်လယ် မြန်မာရေပိုင်နက်အတွင်း ဘင်္ဂါလီ လူမျိုးများအား ထိုင်းဘက်မှ လာရောက်စွန့်ပစ်မှုများ ယနေ့အချိန်ထိ ရှိနေသေးကြောင်း တာဝန်ရှိသူနှင့် ဒေသခံအချို့ ထံမှသိရသည်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုများကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း အချုပ်တွင် ဖမ်းဆီးခံထားရသော ခိုးဝင် ဘင်္ဂါလီများကို ပါချန်မြစ်အတွင်းသို့...

ကော့သောင်းတွင် တစ်နှစ်သား ကလေးနှင့် မိခင် အသတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး ကော့သာင်းခရိုင် မဏ္ဍိုင်မြို့ မဏ္ဍိုင်ရပ်ကွက် ဥယျာဉ်ခြံတစ်ခြံတွင် တစ်နှစ်သား အရွယ်ကလေး ငယ်တစ်ဦးနှင့် မိခင်ဖြစ်သူ အသတ်ခံရမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မဏ္ဍိုင်ကျေးရွာ သားများထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ တွင် အသတ်ခံရသူ၏ အမျိုးသားဖြစ်သူ တောင်ယာခုတ်ပြီး တဲသို့ ပြန်လာစဉ် ဇနီးဖြစ်သူမှာ...