ငါးမဖမ်းရ ရာသီ ငါးခိုးဖမ်းမှုများ ရှိနေဟု ကော့သောင်းဒေသခံ အချို့ဆို

ကမ်းဝေးငါးဖမ်းလှေများ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားချိန်တွင် ကမ်းဝေးလှေကြီးအချို့ ငါးခိုးဖမ်းမှုများ ရှိနေကြောင်း ကော့သောင်းမြို့နယ် ပင်လယ်ရွာများမှ ဒေသခံအချို့က ပြောကြသည်။ ညောင်ဝိကျွန်း၊ ငမန်းကျွန်းအပြင် ဘက်၊ လန်ပိကျွန်းနှင့် ကျွန်းမဲကြီးကြား တို့တွင် ငါးဖမ်းလှေကြီးများက ညဘက် လှေမီး အကုန်ပိတ်ကာ ခေါက်တုန့် ခေါက်ပြန်...

ကော့သောင်း နန္ဒ၀န်ဈေး စက်တင်ဘာလ ပြီးမည်

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် ရှိ နန္ဒ၀န်ဈေးပြန်လည် တည်ဆောက်နေမှု စက်တင်ဘာလတွင် ပြီးစီးမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။ ယင်းဈေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်းငါးထောင်ကျော် (၅၆၅၈သိန်း)ဖြင့် တည်ဆောက်နေခြင်း...

ကော့သောင်း ရေလုပ်သား လက်ဝှေ့ကစားသမားများကို ကုန်းပေါ် အလုပ်ပေးမည်

ကော့သောင်းမြို့နယ်ရှိ  ရေလုပ်ငန်း လုပ်ကိုင်နေသည့် လက်ဝှေ့ကစားသမားများကို ကုန်းပေါ်တွင် အလုပ်ရရှိရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လက်ဝှေဆပ်ကော်မတီထံမှ သိရသည်။ ကော့သောင်းမြို့နယ်ရှိ အမျိုးသား လက်ဝှေ့အားကစားသမားအများစုမှာ ငါးဖမ်းလှေနှင့် ကင်းမွန်မီးထွန်းလှေများ တွင် ၀င်ရောက်လုပ်ကိုင်နေကြကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောသည်။

အေးရိပ်ငြိမ်တွင် လမ်းဘေးရေမြောင်း တူးရန်နှင့် တံတားဆောက်ရန် ရန်ပုံငွေ တောင်းခံထား

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ် ကွက်အတွင်းရှိ ပေါ်ဦးအောက်လမ်းတွင် လမ်ဘေးမြောင်းတူးဖော်ရန်နှင့် တံတား ၂ စင်း တည်ဆောက်ရန် တိုင်းစည်ပင် သာယာရေးအဖွဲ့ထံ ဘတ်ဂျက် တောင်းခံထားကြောင်း ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။ ယင်းလမ်းရှိ ရေမြောင်းများ တိမ်ခြင်း၊ ရေပြွန်ပိုက်များမှာ အပေါက်ငယ်သဖြင့် အမှိုက်ဆို့ခြင်းတို့ကြောင့် မိုးတွင်း၌ ရေစီးမကောင်းခြင်း၊...

မြေနီလမ်းကမ်းနားတွင် အမှိုက်ပစ်လျှင် ဒဏ်ငွေ ကျပ်နှစ်သိန်းအထိ ဆောင်ရမည်

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ် ကွက်နှင့် ရွှေဇင်ယော်ရပ်ကွက်ကြား မြေနီလမ်းကမ်းနားတစ်လျှောက်တွင် အမှိုက်ပစ်လျှင် ဒဏ်ငွေ ကျပ်နှစ်သိန်း အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ကော့သောင်းမြိုနယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။ ပထမအကြိမ် ဖမ်းမိပါက ကျပ် ၁ သိန်း၊ ဒုတိယအကြိမ် ဖမ်းမိပါက ကျပ် ၂...

ကော့သောင်းနယ်စပ်ဂိတ်မှ ခုနစ်လအတွင်း ပြည်တော်ပြန် နှစ်ထောင်ကျော် နေရပ်ပြန်ပို့

ကော့သောင်းမြို့နယ်စပ်ဂိတ်မှ ၇ လအတွင်း ဒုက္ခသည် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ထောင်ကျော်ကို ကြိုဆို လက်ခံကာ နေရပ်ပြန်ပို့ခဲ့ကြောင်း တနင်္သာရီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု ဖြင့် ဖမ်းဆီးခံခဲ့ရသူများ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ ပြန်ပို့သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို...

အလယ်မန် ကွန်ကရစ်လမ်း ကုမ္ပဏီ ပြန်မပြင်က တိုင်းအစိုးရသို့ တင်ပြမည်

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျွန်းရှိ အလယ်မန် ရွာဟောင်းရွာသစ် ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်း ပျက်စီးနေမှုကို ကုမ္ပဏီမှ လာမပြင်ပေးပါက တိုင်းလွှတ်တော်မှတစ်ဆင့် တိုင်းအစိုးရအဖွဲ့သို့ တင်ပြ သွားမည်ဟု ဘုတ်ပြင်းမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဆွေမြင့်က ပြောသည်။ ယင်းအလယ်မန် ရွာဟောင်းနှင့် ရွာသစ်ကျေးရွာချင်းဆက်လမ်း ၁...

တရားမ၀င် သစ်ခုတ်သည်ဆိုသည့် ဆီအုန်းကုမ္ပဏီမန်နေဂျာကို အရေးယူ

ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ် ဟံကဒိုင်းကျေးရွာတွင် တရားမ၀င် သစ်ခုတ်သည်ဆိုသည့် ဆီအုန်းကုမ္ပဏီ မန်နေဂျာ တစ်ဦးကို သစ်တောဥပဒေအရ ဇွန်လ ၁၁ရက်တွင် အမှုဖွင့်အရေးယူထား ကြောင်း ကရသူရိနယ်မြေရဲစခန်းထံမှ သိရသည်။ အောင်ဇင်မာဆီအုန်းကုမ္ပဏီမန်နေဂျာ ဖြစ်သည့် နိုင်ငံခြားသားတစ်ဦးသည် ကျေးရွာပိုင် ဆေးဖက်ဝင်ကမ်းဇော်ပင်များ ခုတ်လှဲနေသည်ကို ကျေးရွာသားများက...

တင်ဒါဆွဲသူမရှိသည့် ကျွန်းစုနှင့် ကော့သောင်းရှိ စာသင်ကျောင်း ၁၅ ကျောင်း တင်ဒါထပ်ခေါ်

ပထမအကြိမ်နှင့် ဒုတိယအကြိမ် တင်ဒါခေါ်ပြီးသော်လည်း တင်ဒါလျှောက် ထားသူမရှိသဖြင့် မဆောက်ဖြစ်ခဲ့သည့် စာသင်ကျောင်း ၁၅ ကျောင်းတွင် အဆောက်အအုံများ ဆောက်လုပ်ရန် တတိယအကြိမ် မြောက် တင်ဒါထပ်မံခေါ်ယူလျက်ရှိသည်။ တင်ဒါ ထပ်ခေါ်မည့် ကျောင်းများမှာ ကျွန်းစုမြို့နယ်တွင် ၉ ကျောင်းနှင့် ကော့သောင်းမြို့နယ်တွင် ၆...

အငြင်းပွား ကော့သောင်း ရေပေးဝေရေး စီမံကိန်းနေရာသို့ ခရိုင်မှ ကွင်းဆင်းမည်

ကော့သောင်းမြို့ ၁၄ မိုင်ရွာ ရေပေး ဝေရေးစီမံကိန်းဧရိယာအတွင်း ဒေသခံတောင်သူများ၏ ဥယျာဉ်ခြံများ ပါဝင်နေ သည်ဆိုသည့် ကိစ္စကိုယခုလအတွင်းကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။ ယင်းစီမံကိန်းမြေနေရာမှာ ပါချန် ကြိုးဝိုင်းသစ်တောမြေဖြစ်ပြီ ရေပေးဝေရေး စီမံကိန်းပြုလုပ်ရန် ၁၄ မိုင်ရွာချောင်ရိုး အထက်ဘက်ရှိ...