တရားမ၀င် သစ်ခုတ်သည်ဆိုသည့် ဆီအုန်းကုမ္ပဏီမန်နေဂျာကို အရေးယူ

0
775

ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ် ဟံကဒိုင်းကျေးရွာတွင် တရားမ၀င် သစ်ခုတ်သည်ဆိုသည့် ဆီအုန်းကုမ္ပဏီ မန်နေဂျာ တစ်ဦးကို သစ်တောဥပဒေအရ ဇွန်လ ၁၁ရက်တွင် အမှုဖွင့်အရေးယူထား ကြောင်း ကရသူရိနယ်မြေရဲစခန်းထံမှ သိရသည်။

အောင်ဇင်မာဆီအုန်းကုမ္ပဏီမန်နေဂျာ ဖြစ်သည့် နိုင်ငံခြားသားတစ်ဦးသည် ကျေးရွာပိုင် ဆေးဖက်ဝင်ကမ်းဇော်ပင်များ ခုတ်လှဲနေသည်ကို ကျေးရွာသားများက ကျေးရွာသားများက သတင်းပို့လာသည့် အတွက် သစ်တောနှင့် ပူးပေါင်းအဖွဲ့များ သွားရောက်စစ်ဆေးရာ အမှန်တကယ် သစ်ခုတ်နေသည်ကို တွေ့ရကြောင်း  ယင်းရဲစခန်းထံမှ သိရသည်။

ယင်းကုမ္ပဏီ၏ ဧရိယာအတွင်းမှ ကမ်းဇော်၊ ရမနေ၊ ကတွတ်၊ ကံ့ကော် စသည့် သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၄၉၆ ချောင်း၊ ၁၅.၂၅၂၂ တန်ကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

တရားမ၀င်သစ်ထုတ်လုပ်ခဲ့သည့် နိုင်ငံခြားသားဆီအုန်းကုမ္ပဏီမန်နေဂျာကို  ကရသူရိ နယ်မြေရဲစခန်း၌ ရဲစခန်းမှ (ပ)အမှတ် ၁၄/၂၀၁၉ သစ်တောဥပဒေပုဒ်မ ၄၁(က)၊၄၂(က)ြ ဖင့်အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

မိုးအိ