ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့ စည်းများ အနည်းဆုံး ဆယ်ကြိမ် တွေ့ဆုံမည်

တိုင်းအတွင်း ယခုနှစ် ဇူလိုင်လမှ ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့်အချိန် အထိ ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်း အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက် ပွဲလုပ်ငန်းစဉ်ကို စိတ်ဝင်စားသည့် အရပ်ဘက်အဖွဲ့အစည်းများ အနည်းဆုံး ဆယ်ကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို မည်သည့်ပုံစံဖြင့်...

ထားဝယ်ဇာတ်သဘင်လုပ်ငန်းများ ပြန်မလည်ပတ်နိုင်သေး

ကိုဗစ်ကပ်ဘေးကာလတွင် စတင်ရပ်နားလိုက်ရသည့် ထားဝယ်ဒေသအခြေစိုက် ဇာတ်သဘင်လုပ်ငန်းများသည် အာဏာသိမ်းမှုအကျိုးဆက် မတည်မှုများကြောင့် ယခု ၂၀၂၃ ခုနှစ်အထိ ပြန်လည် မလည်ပတ်နိုင်သေးကြောင်း ဇာတ်သဘင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုက ဇာတ်သဘင်တည်ထောင်ခွင့်လုပ်ငန်းလိုင်စင်ကို လျှောက်ထားခွင့် ပြုထားသည်။

ထားဝယ်တွင် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည်ဆိုသည့်အမှု ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်

ထားဝယ်တွင် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည်ဆိုသည့်အမှု ကို နိုဝင်ဘာလ ၇ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ နှစ်ခုဖြင့် စွဲချက် အမိန့်ချလိုက်ကြောင်း ထားဝယ်ခရိုင် တရားရုံးထံမှ သိရသည်။ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ယခုနှစ် ဇွန်လ...

ထားဝယ်စက်မှုဇုန်ဖော်ဆောင်ရေး ကနဦးစစ်တမ်းကောက်

ထားဝယ်တွင် စက်မှုဇုန် ဖော်ဆောင်နိုင်ရေးအတွက်ထားဝယ်စည်ပင် နယ်နိမိတ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများကို ကနဦးစစ်တမ်းကောက်ယူနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ ကနဦးစစ်တမ်းကို တိုင်းဒေသကြီး ကုန်သည်/ စက်မှုအသင်းက ဦးဆောင်ကာ ယခုနှစ်မတ်လကုန်ပိုင်းမှ စတင်ကောက်ယူနေကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

ထားဝယ်အရှေ့တောတွင် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်ဖက်နှင့် မေတ္တာကျေးရွာဖက်တို့က လာသည့် စစ်ကောင်စီတပ်...

ရွှေကျောင်းကြီး ရှေးမူမပျက်ပြင်ရန် ကျပ်သိန်းသုံးရာနီးပါး ကုန်မည်

ထားဝယ်မြို့ရှိ သမိုင်းဝင် ရွှေ ကျောင်းကြီးပြုပြင်ရန် ငွေကျပ် သိန်း သုံးရာနီးပါး ကုန်ကျမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ လက်ရှိအချိန်တွင် ပျက်စီးယိုယွင်း နေသည့် ရွှေကျောင်းကြီးတွင် တိုင်လုံး များမှအပ အမိုး၊ အကာနှင့် ကြမ်းခင်း များ ဆွေးမြည့်နေပြီဖြစ်ပြီး ရှေးမူမပျက်...

ထားဝယ်မြို့သစ်တွင် သေနတ်သံများထွက်ပေါ်

ထားဝယ်မြို့သစ် ကညနရုံးအနီးဝန်းကျင်တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီဝန်းကျင်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သီဟဌေးမင်္ဂလာခန်းမဘက်ခြမ်းတွင် ည ၇နာရီ ၅၅ မိနစ်ခန့်က သေနတ်သံတစ်ချက်...

အမှိုက်ကားပေါ်မှ အမှိုက် လမ်းမပေါ်ကျကျန်နေသည့်အပေါ် မြို့ခံတချို့ ဝေဖန်

ထားဝယ်မြိုတွင်အမှိုက်သိမ်းကားများပေါ်မှ အမှိုက်များ လမ်းမပေါ်ကျကျန် နေသည့်အပေါ် ထားဝယ်မြို့ခံတချို့ ကဝေဖန်ပြောဆိုသည်။အမှိုက်သိမ်းနေချိန်နှင့် အမှိုက်ကန်သို့ သွားရောက်စွန့်ပစ်ချိန်များတွင် အမှိုက် အလွန်အကျွံတင်ထားသည့် အမှိုက်ကားပေါ်မှအမှိုက် များ လမ်း မပေါ်ကျကျန်နေကြောင်း ၎င်းတို့က ဆိုသည်။ အမှိုက်သိမ်းချိန်တွင် အမှိုက်များလမ်းမပေါ်ကျကျန်ကာ နေအိမ်ပတ်ဝန်း ကျင်တွင် ညစ်ညမ်းသွားသည့်အတွက်အမှိုက်ဝင်ဆန့် နိုင်သမျှသာ တင်ဆောင် စေလိုကြောင်း ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်နေ ဒေါ်ငြိမ်းငြိမ်းက ဆိုသည်။ "အလွန်အကျွံ တင်တော့ ပတ်ဝန်းကျင်ညစ်ပတ်ပြီး...

ထားဝယ်သပိတ်မျှောပွဲတော်တွင် ပလပ်စတစ်သပိတ် မျှောခွင့်မပြု

သီတင်းကျွတ်လပြည့်နေ့ နံနက်တွင် ကျင်းပမည့် ထားဝယ်ရိုးရာသပိတ် မျှောပွဲတော်တွင် ပလပ်စတစ်သပိတ်မျှော ခွင့်ပြုမည် မဟုတ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။ ရိုးရာသပိတ်မျှောပွဲတွင် မြေသား ဖြင့် ပြုလုပ်ထားသည့် သပိတ်များကိုသာ မျှောခွင့်ပြုမည်ဖြစ်ပြီး ပလပ်စတစ် သပိတ်တွေ့ပါက တားဆီးကာ သိမ်းဆည်းမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၀ ရက်၊ ညနေ ၆ နာရီခွဲ)

ထားဝယ်ရှိ သံသယလူနာ ရောဂါပိုး မတွေ့ ထားဝယ်ဆေးရုံ သီးသန့်အဆောင်တွင်ထားရှိကုသနေသည့် သံသယလူနာတွင် ကိုရိုနာရောဂါပိုးပိုးမတွေ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။ ယင်းဓာတ်ခွဲခန်းအဖြေကို ယနေ့ တွင်...