ထားဝယ်တွင် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည်ဆိုသည့်အမှု ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်

0
1357

ထားဝယ်တွင် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည်ဆိုသည့်အမှု ကို နိုဝင်ဘာလ ၇ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ နှစ်ခုဖြင့် စွဲချက် အမိန့်ချလိုက်ကြောင်း ထားဝယ်ခရိုင် တရားရုံးထံမှ သိရသည်။

ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ယခုနှစ် ဇွန်လ ၁၅ ရက်က အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးကို အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားက မိန်းကလေးငယ်နေထိုင်သည့်အိမ်အောက် တွင် မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် အမှုဖြစ်သည်။

မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည်ဆိုသည့်အမှု မှ ကျူးလွန်သည်ဟုယူဆရသူအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၆၃ (လူခိုးမှု)/ ၃၇၆ (မုဒိမ်းမှု) ပထမအပိုဒ်ဖြင့် စွဲချက်တင်ခဲ့ကြောင်း အထက်ပါတရားရုံးထံမှ သိရသည်။

အဆိုအမှုကို ထားဝယ်ခရိုင်တရား ရုံးတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ရာကြီးမှုအမှတ်- ၇၆/၂၀၁၉ ဖြင့် စတင် စွဲဆိုခဲ့သည်။

အထက်ပါအမှုအတွက် နောက်ရုံးချိန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီး ပြန်ခေါ်သက်သေ (လိုပြ) သုံးဦးကို စစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က ဆိုသည်။

ထားဝယ်တွင် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည်ဆိုသည့် ဖြစ်စဉ် မှာ အသက် ၆၂ နှစ်အရွယ်ရှိ အုပ်ထိန်း သူအမျိုးသမီးကြီးက နေအိမ်အပေါ်ထပ် တွင် မုန့်လုပ်နေစဉ် အထက်ပါမိန်းကလေးငယ်က အိမ်အောက်တွင် အုန်းသီးခွဲနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ငွေနှစ်ထောင်ကျပ်တွေ့ရှိခြင်းနှင့် ပတ်သက်၍ အဆိုပါမိန်းကလေးငယ်ကို မေးမြန်းရာ အသက် ၅၄ နှစ်အရွယ်ရှိ အထက်ပါအမျိုးသားက ပေးခဲ့သည်ဟု ပြောကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အထက်ပါအမျိုးသားက ငွေနှစ်ထောင် ကျပ်ပေးရသည့် အကြောင်းရင်းကို အုပ်ထိန်းသူက မိန်းကလေးငယ်အား မေးမြန်းရာ ၎င်းအုန်းသီးခွဲနေစဉ် အသက် ၅၄ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားက ရောက်ရှိလာပြီး ပါးစပ်ကိုပိတ်ကာ မုဒိမ်းကျင့်ခဲ့ပြီး ငွေနှစ်ထောင်ကျပ် ပေးခဲ့သည်ဟု ပြောဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယခုနှစ်မေလအတွင်းကလည်း အခင်းဖြစ်သည့် နေအိမ်ရှေ့ရှိ အဆိုပါ အမျိုးသားပိုင် ကားဂိုဒေါင်အတွင်း နှစ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့ဖူးသည်ဟု မိန်းကလေးက ပြောဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မုဒိမ်းပြုကျင့်ခံရသည်ဆိုသည့် မိန်းကလေးအိမ်နှင့် ကျူးလွန်ခဲ့သည်ဆိုသည့် အမျိုးသား၏ ကားဂိုဒေါင်က မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

Dawei Watch

ဆက်စပ်သတင်း