ရွှေကျောင်းကြီး ရှေးမူမပျက်ပြင်ရန် ကျပ်သိန်းသုံးရာနီးပါး ကုန်မည်

0
453

ထားဝယ်မြို့ရှိ သမိုင်းဝင် ရွှေ ကျောင်းကြီးပြုပြင်ရန် ငွေကျပ် သိန်း သုံးရာနီးပါး ကုန်ကျမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
လက်ရှိအချိန်တွင် ပျက်စီးယိုယွင်း နေသည့် ရွှေကျောင်းကြီးတွင် တိုင်လုံး များမှအပ အမိုး၊ အကာနှင့် ကြမ်းခင်း များ ဆွေးမြည့်နေပြီဖြစ်ပြီး ရှေးမူမပျက် ပြုပြင်ရန် သစ်လုံးတန် ၃၀ ခန့် လို အပ်မည်ဖြစ်ကြောင်း ဝန်ကြီးဦးဟိုပင်က ဆိုသည်။
လိုအပ်သည့် သစ်များကို(သစ်ချို) အစိုးရနှုန်းထားဖြင့် ဝယ်ယူခွင့်ရပြီး တစ်တန်လျှင် ကျပ်လေးသိန်းခုနှစ် သောင်း ကျသင့်မည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

ရွှေကျောင်းကြီးပြုပြင်ရာတွင် လို အပ်သည့် သစ်တန်ဖိုး၊ လက်ခနှင့် အခြားကုန်ကျစရိတ် စုစုပေါင်း ကျပ် ၂၈၉ သိန်း ကုန်ကျမည်ဖြစ်ကြောင်း ဦးဟိုပင်က ပြောသည်။
ရှေးဟောင်းကျောင်းဆောင် ပြုပြင် ထိန်းသိမ်းရေးကော်မတီဖွဲ့ပြီးပါက အဆို ပါငွေကြေးကို အလှူခံသွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
“ကော်မတီဖွဲ့ဖို့ စပြီး စီစဉ်နေပြီ၊ ကော်မတီဖွဲ့ပြီးရင် အလှူခံသွားမယ်”ဟု ဝန်ကြီးဦးဟိုပင်က ပြောသည်။
ရှေးဟောင်းသုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှေးမူ မပျက် ပြုပြင်သင့်သည့် အပိုင်းများကို အသေးစိတ်တင်ပြခဲ့ပြီးဖြစ်ကြောင်း ၎င်း က ဆိုသည်။
ရွှေကျောင်းကြီးတွင် လှေကားတိုင် ၆ လုံး အပါအဝင် တိုင် ၅၅ လုံး ရှိကြောင်း ရွှေကျောင်းကြီး ကျောင်းထိုင် ဆရာတော်က မိန့်ကြားခဲ့ဖူးသည်။

ကျောင်းကြီးတွင် လက်ရှိအချိန်ထိ ဆရာတော်ငါးပါး သီတင်းသုံးလာခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၉၂ ခုနှစ်တွင် ရွှေ တောင်စားမင်း လှူခဲ့သည့် ကျောင်း ကြီးမှာ ပျက်စီးယိုယွင်းခဲ့သည်။
ထိုကြောင့် တတိယ ဆရာတော်မှ လက်ရှိကျောင်းတော်ကြီးအား ပြန်လည် တည်ဆောက်ခဲ့သည်ဟု လက်ရှိကျောင်း ထိုင်ဆရာတော် ဦးကေလာသက မိန့် ကြားခဲ့ဖူးသည်။