Dawei Watch, Dawei News, Dawei News Media

ထားဝယ် ရွှေဂူတံတားအနီး ပေါက်ကွဲမှုဖြစ်

ထားဝယ်မြို့အထွက် ရွှေဂူတံတားအနီးတွင် ဧပြီလ ၂၀ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရှင်မုတ္ထီးရွာနှင့် ညောင်ဇင်ရွာအကြားရှိ 'ကြိုဆိုပါ၏' ဆိုင်းဘုတ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရှင်မုတ္ထီးရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

နယ်စပ်မှ စားသောက်ကုန်လေးမျိုး တင်သွင်းခွင့်ကန့်သတ်၊ တနင်္သာရီတိုင်းလည်း အကျုံးဝင်

နယ်စပ်ဂိတ်များမှ စားသောက်ကုန်လေးမျိုး ယာယီတင်သွင်းပိတ်မည့်ညွှန်ကြားချက်တွင် တနင်္သာရီတိုင်းလည်း အကျုံးဝင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောကြားသည်။ မေလ ၁ ရက်နေ့မှ စတင်ကာ အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့် တီးမစ်မျိုးစုံ၊ Instant ကော်ဖီ၊ နို့ဆီနို့စိမ်း စသည့်စားသောက်ကုန်...
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့‌ဟောင်းရွာမှ မီးလောင်ခံရသည့်မိသားစုနှစ်ဦး ထပ်မံသေဆုံး

လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာအုပ်စု ဒေသအခေါ် ဂန်တောင်ရွာ၌ နေအိမ်မီးလောင်ခံရသည့် မိသားစုတွင် သေဆုံးသူ သုံးဦးရှိသွားပြီဖြစ်သည်။ မတ်လ ၂၁ ရက်ညက နေအိမ်မီးလောင်မှုတွင် မိသားစုဝင်ခုနှစ်ဦး မီးလောင်ခံရပြီး လက်ရှိအချိန်ထိ သုံးဦး အသက်ဆုံးပါးသွားခြင်းဖြစ်သည်။

ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း

ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းသည် ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဓာတ်ပုံ - Dawei Watch

မိုးရေထဲ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်‌နေဆဲဖြစ်သည့် ကံပေါက်သပိတ်

ကံပေါက်သပိတ်စစ်ကြောင်းဟာ မိုးရွာနေတာကို အံတုရင်း ဧပြီလ ၁၉ ရက်နံနက်ပိုင်းက ရက် ၇၀ ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။

ကံပေါက်ဒေသရဲ့ အတာအိုးသပိတ်

ကံပေါက်ဒေသရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေးအတာအိုးသပိတ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီသပိတ်မှာ ဆန္ဒပြသူတွေက အတာအိုးတွေကို ပစ်ခွဲပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ပါတယ်။

တနင်္သာရီတိုင်းအတွင်း အကျဉ်းသားတစ်ထောင်ကျော် လွတ်

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းသား ၁၂၂၄ ဦးကို လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။ ထားဝယ်အကျဉ်းထောင်မှ ၁၉၉ ဦး၊ မြိတ်အကျဉ်းထောင်မှ ၃၅၇ ဦး၊ ကော့သောင်းအကျဉ်းထောင်မှ ၃၇၅ ဦးနှင့် အလုပ်စခန်းများမှ...

လောင်းလုံးတွင် သပိတ်စစ်ကြောင်းလိုက်သည့် ဆိုင်ကယ်အား ကားဖြင့်ဝင်တိုက်၊ အမျိုးသားတစ်ဦး အဖမ်းခံရ

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ သပိတ်စစ်ကြောင်းတွင် လိုက်ပါနေသည့် ဆိုင်ကယ်အား ကားဖြင့်ဝင်တိုက်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့‌ကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူအချို့ထံမှသိရသည်။ ဧပြီလ ၁၇ ရက်နံနက်ပိုင်းက စစ်အာဏာရှင်ဆန်ကျင်ရေး ဆိုင်ကယ်ဖြင့် စီတန်းလှည့်လည်နေစဉ် သပိတ်‌စစ်ကြောင်းအနောက်ဘက်တွင် ကျန်နေခဲ့သည့် ဆိုင်ကယ်တစ်စီးကို...

သေနတ်သုံးချက်ပစ်ဖောက်ပြီး လူစုခွဲခံရတဲ့ ကံပေါက်သပိတ်

စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၈ ရက်မြောက် ဝမ်းနည်းခြင်းသပိတ်ကို ဧပြီလ ၁၆ ရက်နေ့က ကံပေါက်ဒေသတွင် ပြုလုပ်ခဲ့သည်။ အဆိုပါသပိတ်စစ်ကြောင်း လူစုခွဲနေစဉ် ရဲနှင့် စစ်တပ်ရောက်လာပြီး သေနတ် သုံးချက်ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
Dawei Watch, Dawei News, Dawei News Media

ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး အဖမ်းခံရ

ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး ဧပြီလ ၁၀ ရက်နေ့လယ်ပိုင်းက အဖမ်းခံခဲ့ရကြောင်း ထားဝယ်ကုသိုလ်ဖြစ်ဆေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၇ ရက်က ကျည်ဆန်ထိမှန်ခဲ့သည့် လူနာအမျိုးသားတစ်ဦးကို သွားရောက်ကုသပေးစဉ် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆိုင်ကယ်သုံးစီးကို ရဲတပ်ဖွဲ့နှင့်...