လောင်းလုံးထွေအုပ်ရုံးအတွင်းမှ စားသုံးဆီပုံးများ အပြင်သယ်ထုတ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအတွင်း သိုလှောင်ထားသည့် စားသုံးဆီပုံးများကို ဧပြီးလ ၂၃ ရက်နေ့တွင် အပြင်သို့သယ်ထုတ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ကိုဗစ်ကာလအတွင်း စားသုံးဆီမပြတ်စေရေးနှင့် အခြေခံလူတန်းစားများအား ထောက်ပံ့ရေးအတွက် ငါးဂါလံဝင်ဆံ့ စားဆီပုံးထောင်ချီ ကို တနင်္သာရီတိုင်းဝန်ကြီးချုပ်...

အဖမ်းခံရသည့် ဒက္ခိဏသတင်းဌာန သတင်းထောက်နှင့် အဆက်အသွယ်မရသေး ဟုဆို

ထားဝယ်အခြေစိုက် ဒက္ခိဏ(Dakkhina Insight) သတင်းဌာနမှ သတင်းထောက်တစ်ဦး ဧပြီလ ၂၁ ရက် နံနက်ပိုင်းက အဖမ်းခံရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ယင်းသတင်းဌာန တာဝန်ခံအယ်ဒီတာက ပြောကြားသည်။ အဆိုပါသတင်းဌာနမှ သတင်းထောက်ဖြစ်သူ ကိုနိုင်လင်းထွန်းမှာ ဘုမ္မော်ရပ်ကွက်တွင်...

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၂၇ ပြန်ချိန်း

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄...
Dawei Watch, Dawei News, Dawei News Media

သပိတ်ဦးဆောင်သူ အပါအဝင် ဖမ်းဆီးခံရသူဆယ်ဦးအမှု ခြောက်လအပြီးစစ်ဆေးမည်

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် သပိတ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးအဖမ်းခံရသည့်ဖြစ်စဉ်တွင် အမှုတွဲသုံးခုခွဲကာ သီးခြားစီ အမှုဖွင့်ထားပြီး အမှုအားခြောက်လအပြီးစစ်ဆေးရန် ဆုံးဖြတ်ထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်...

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံသုံးပုံတစ်ပုံ မဖွင့်နိုင်သေး

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံအားလုံး၏ သုံးပုံတစ်ပုံ မဖွင့်နိုင်သေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနထံမှ သိရသည်။ တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအများစုက အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည်။

ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ အဖမ်းခံရသူ ၅ ဦးရှိဟုဆို

အင်ဂျင်နီယာ၊ နည်းပညာကျောင်းသား၊ ဆရာ၊ ဆရာမများ၊ ထားဝယ်မြို့ခံများနှင့် NLD လူငယ်များ၊ ကျောင်းသားသမဂ္ဂများပါဝင်သော စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသည့် ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး လူ ၅ ဦးခန့် အဖမ်းခံလိုက်ရသည်။ ဧပြီလ ၂၁ ရက် နံနက်...

လောင်းလုံးစစ်ကြောင်းကို ရဲတပ်ဖွဲ့ ဖြိုခွင်းရန် ကြိုးစား

ထားဝယ်ဒေသရှိ လောင်းလုံးမြို့ပင်မသပိတ်စစ်ကြောင်းအား ဒီကနေ့မနက်ပိုင်းက လောင်းလုံး မြို့မ ဈေးအနီးတွင် ရဲတပ်ဖွဲ့က ဖြိုခွဲဖို့ကြိုးစားခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့ နံနက် ကိုးနာရီဝန်းကျင်တွင် ရဲတပ်ဖွဲက သပိတ်စစ်ကြောင်း နောက်မှ လိုက်ကာ ဖြိုခွဲရန် ကြိုးစားခဲ့ခြင်း...

၀န်ကြီးချုပ် ဦးမြင့်မောင်အမှု တရားလိုစစစ်

တပ်အာဏာသိမ်းပြီးနောက် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှု ဧပြီလ ၂၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဦးမြင့်မောင်အမှုတွင်...

ထားဝယ်တွင် အဖမ်းခံရသည့် အခြေခံပညာကျောင်းသားနှစ်ဦး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆို

ထားဝယ်သပိတ်စစ်ကြောင်းဖြိုခွင်းချိန်တွင် ဖမ်းဆီးခံရသည့် အခြေခံပညာကျောင်းသားနှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် အကသ-ထားဝယ် (ဗကသများအဖွဲ့ချုပ်)က တောင်းဆိုလိုက်သည်။ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်တွင် ဒဿမတန်းကျောင်းသားများဖြစ်သည့် ကိုအောင်ပြည့်ဖြိုးနှင့် ကိုနေဇော်အောင်တို့ကို အဖမ်းခံခဲ့ရကြောင်း ယင်းသမဂ္ဂများက...
Dawei Watch, Dawei News, Dawei News Media

ထားဝယ်တွင် လူ နှစ်ဆယ်ခန့် အဖမ်းခံရ

လုံခြုံရေးတပ်ဖွဲ့များက နေအိမ်များကို ဝင်ရောက် စီးနင်း ဖမ်းဆီးမှုများကြောင့် ဧပြီလ ၁၈ ရက်‌က ထားဝယ်မြို့မှာ လူ နှစ်ဆယ်ခန့် အဖမ်းခံရကြောင်း စုံစမ်း သိရှိရသည်။ ကြက်စားပြင်ရပ်ကွက်၊ မီးရထားလမ်းဘက်ရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့သဖြင့် လူဆယ်ဦးခန့်...