ထားဝယ်တွင် အဖမ်းခံရသည့် အခြေခံပညာကျောင်းသားနှစ်ဦး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆို

0
194

ထားဝယ်သပိတ်စစ်ကြောင်းဖြိုခွင်းချိန်တွင် ဖမ်းဆီးခံရသည့် အခြေခံပညာကျောင်းသားနှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် အကသ-ထားဝယ် (ဗကသများအဖွဲ့ချုပ်)က တောင်းဆိုလိုက်သည်။

ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်တွင် ဒဿမတန်းကျောင်းသားများဖြစ်သည့် ကိုအောင်ပြည့်ဖြိုးနှင့် ကိုနေဇော်အောင်တို့ကို အဖမ်းခံခဲ့ရကြောင်း ယင်းသမဂ္ဂများက ထုတ်ပြန်ထားသည်။

အဆိုပါ ကျောင်းသားနှစ်ဦးစလုံးမှာ အသက် ၁၆နှစ်သာရှိသေးပြီး အသက်မပြည့်သေးသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

အထက်ပါသပိတ်စစ်ကြောင်းဖြိုခွင်းချိန်က ယင်းကျောင်းသားနှစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး အဖမ်းခံရကြောင်း သိရသည်။