လောင်းလုံးစစ်ကြောင်းကို ရဲတပ်ဖွဲ့ ဖြိုခွင်းရန် ကြိုးစား

0
165

ထားဝယ်ဒေသရှိ လောင်းလုံးမြို့ပင်မသပိတ်စစ်ကြောင်းအား ဒီကနေ့မနက်ပိုင်းက လောင်းလုံး မြို့မ ဈေးအနီးတွင် ရဲတပ်ဖွဲ့က ဖြိုခွဲဖို့ကြိုးစားခဲ့သည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ကိုးနာရီဝန်းကျင်တွင် ရဲတပ်ဖွဲက သပိတ်စစ်ကြောင်း နောက်မှ လိုက်ကာ ဖြိုခွဲရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က မြို့မဈေးနားရောက်နေပြီ စစ်ကြောင်း ပြန်လှည့်ခါနီး ဆိုင်ကယ်နဲ့ နောက်ကလိုက်တယ် ပြီးတော့ ရှေ့ကလူတွေ ဆွဲဖို့ ကြိုးစားတယ်” ဟု အထက်ပါ အမျိုးသားကဆိုသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် သေနတ်ပစ်ဖောက်ခြင်းမရှိပေ။

စစ်ကြောင်းအတွင်းမှ ဆန္ဒပြသူများ ဖမ်းဆီးခံရမှု မရှိဟု သိရပြီး ဆိုင်ကယ်နှစ်စီး သိမ်းဆည်းခံရကြောင်း မြို့ခံများထံမှ သိရသည်။

လောင်းလုံးမြို့ပင်မ သပိတ်စစ်ကြောင်းသည် နေ့စဉ် လမ်းမပေါ်ထွက်၍ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ဖော်ထုတ်လျက်ရှိသည့် မြို့နယ် ပင်မသပိတ်စစ်ကြောင်းလည်းဖြစ်သည်။

လောင်းလုံးမြို့မှာ ထားဝယ်မြို့မှ ၁၄ မိုင် အကွာတွင် တည်ရှိသည်။