ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးပေးမည့်သူများကို စာရင်းကောက်

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းအားဖြည့် Booster ဆေး ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ထံက သိရသည်။ အစိုးရဌာနများတွင် အသက် ၅၀ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် အရပ်သားပြည်သူတွင်...

လောင်းလုံး ကျောက်ဆင် အုပ်ချုပ်ရေးမှူး ကြက်ဝိုင်းတွင် သေနတ်ပစ်ခံရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလေးလေးသည် ဇန်နဝါရီလ ၁၁ ရက် ညနေ သုံးနာရီခန့်က ကမ်းပနီရွာ ဘောလုံးကွင်း ကြက်ဝိုင်းအနီးတွင် သေနတ်ဖြင့် အပစ်ခံလိုက်ရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ကမ်းပနီကျေးရွာမှာ ကျောက်ဆင်ကျေးရွာ...

ထားဝယ် ရှင်မုတ္ထီးရွာတွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် ယနေ့ (ဇန်နဝါရီ ၁၁) နံနက် ၂ နာရီခန့် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရကြောင်း ဒေသခံအချို့ထံက သိရသည်။ မိုင်းခွဲခံရသည့် မိုင်တဲတာဝါတိုင်မှာ ပြိုကျသွားခြင်း မရှိသော်လည်း မိုင်တဲ Wifi များနှင့်...

ထားဝယ်တွင် ရာသီပေါ် ကြက်သွန်နီအသစ် ဈေးတက်

ထားဝယ်ဈေးကွက်၌ ယခုရာသီတွင် ထွက်သည့် ကြက်သွန်နီအသစ် ဈေးတက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်အပတ်က ကြက်သွန်နီအသစ် အလတ်စားအရွယ် ၁၀ ပိဿာဝင် တစ်အိတ်လျှင် ခုနှစ်ထောင် ဝန်းကျင်ရှိရာမှ လက်ရှိတွင် ကိုးထောင်ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ...

လောင်းလုံး အင်းဇောက်ရွာ အုပ်ချုပ်ရေးမှူးကား ပစ်ခတ်ခံရ

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူး စီးလာသည့်ကား ဇန်နဝါရီလ ၈ ရက်နေ့က ပစ်ခတ်ခံရသဖြင့် အုပ်ချုပ်ရေးမှူး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါကျေးရွာရှိ ပြည်လုံးချမ်းသာဘုရားလမ်းအနီးတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀...

သံသယဖြင့် အဖမ်းခံရသည့် ရလိုင်ရွာသားသုံးဦး ပြန်လွတ်

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရလိုင်ရွာသားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီးနောက် သံသယဖြင့် ဖမ်းဆီးခံရသည့် ရွာသားသုံးဦး ပြန်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က ရလိုင်ရွာသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမူနှင့်ဆက်စပ်ပြီး...

စင်ကာပူကုမ္ပဏီ ဒီဇိုင်းထုတ်သည့် ထားဝယ်အဝေးပြေးဝင်းအသစ် လာမည့်နှစ် အပြီးဆောက်မည်

ထားဝယ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းအသစ်အား ၂၀၂၃ ခုနှစ် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း တည်ဆောက်လုပ်ကိုင်ခွင့်ရထားသည့် ခန့်ရွှေပြည်ကုမ္ပဏီထံမှ သိရသည်။ မြို့အဝင်ဆိုင်းဘုတ် Welcome to Dawei အနီး သဗြေချောင်းရွာရှိ မြေအကျယ်အဝန်း ၅၆ ဧကပေါ်တွင် phase (အဆင့်)...

သရက်ချောင်းတွင် တိုက်ပွဲဖြစ်၊ ပန်းရန်လုပ်နေသည့် ကလေးသုံးဦး ပစ်သတ်ခံရ

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး ပန်းရန်လုပ်နေသည့် ကလေးသုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားရွာဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူကာကွယ်ရေးတပ်...

ထားဝယ်တက္ကသိုလ် ကျောင်းဖွင့်ပထမရက် ကျောင်းတက်သူမရှိ

ထားဝယ်တက္ကသိုလ်၌ ပထမဆုံး ကျောင်းဖွင့်ရက်တွင် ကျောင်းတက်သူမရှိကြောင်း တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့မှစပြီး တက္ကသိုလ်အားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်ကြောင်း ကြေညာခဲ့သော်လည်း အထူးပြုဘာသာရပ်အချို့ကိုသာ သင်ကြားနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

တောင်ပျောက်တိုက်နယ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် လူခုနစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

တောင်ပျောက်တိုက်နယ် ဗျတ်ဝိသားရွာလှေဆိပ်တွင် အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ခြောက်ဦးနှင့် အခြားမိသားစုက လူငယ်အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက်တွင် ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။