ထားဝယ် ရှင်မုတ္ထီးရွာတွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

0
340
ရှင်မုတ္ထီးရွာတွင် မိုင်တဲတာဝါတိုင်

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် ယနေ့ (ဇန်နဝါရီ ၁၁) နံနက် ၂ နာရီခန့် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရကြောင်း ဒေသခံအချို့ထံက သိရသည်။

မိုင်းခွဲခံရသည့် မိုင်တဲတာဝါတိုင်မှာ ပြိုကျသွားခြင်း မရှိသော်လည်း မိုင်တဲ Wifi များနှင့် မိုင်တဲ ဝန်ဆောင်မှုများ အားလုံး အသုံးပြု၍ မရတော့ကြောင်း ရှင်မုတ္ထီးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“၂ ချက် ထိုးလောက်မှာ အုံးခနဲ ကြားရတယ်ခင်ဗျား” ဟု ၎င်းက ဆိုသည်။

မိုင်တဲတာဝါတိုင် မိုင်းခွဲခံရပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာတွင် ရောက်ရှိနေပြီး အိမ်ထောင်စုစာရင်း စစ်မည်ဟု သတင်းထွက်နေကြောင်း ဒေသခံအချို့က ပြောသည်။

မိုင်းခွဲခံရသည့်နေရာမှာ ရှင်မုတ္ထီးတိုက်ကျောင်းနှင့် ဘုရားရွှေဆင်းတု ကြားတွင်ရှိသည့် လမ်းကြား အနောက်ဘက်ရှိ လယ်ထဲတွင် စိုက်ထားသည့် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရခြင်းဖြစ်ကြောင်း ရွာခံအမျိုးသား တစ်ဦးက ပြောသည်။