သံသယဖြင့် အဖမ်းခံရသည့် ရလိုင်ရွာသားသုံးဦး ပြန်လွတ်

0
238

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရလိုင်ရွာသားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီးနောက် သံသယဖြင့် ဖမ်းဆီးခံရသည့် ရွာသားသုံးဦး ပြန်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က ရလိုင်ရွာသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမူနှင့်ဆက်စပ်ပြီး ရလိုင်ကျေးရွာ NLD ရပ်ကျေး အလုပ်အမူဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးတင်စိုး၊ ဦးနေဆန်းလင်း၊ ကိုဝေယံနိုင်တို့သုံးဦး အဖမ်းဆီးခံခဲ့ရသည်။

၎င်းအမျိုးသားသုံးဦး ဇန်နဝါရီလ ၇ ရက်က ပြန်လွတ်မြောက်လာခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သုံးယောက်စလုံး ပြန်လွတ်လာကြပြီ။ မနေ့က မနက်ပိုင်းလောက်မှာ ပြန်လွတ်လာကြတယ်” ဟု ၎င်းက ပြောကြားသည်။

သေနတ်ပစ်ခံရသူကို မည်သည့်အကြောင်းကြောင့် မည်သူတို့က လာရောက် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ သေနတ်ဖြင့် အပစ်ခံရသူမှာ ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့လိုက်ရသည်။