ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ ကိုဇေလင်းဦးကို ထောင်ဒဏ် ၁၅နှစ် ထပ်မံချမှတ်ခံရ

ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ ကိုဇေလင်းဦးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပုဒ်မလေးခု အတွက် ထောင်ဒဏ် ၆ နှစ်နှင့် ၆ လချမှတ်ခဲ့ပြီး ယခုလည်း ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ် ၁၅နှစ် ထပ်မံ ချမှတ်ခံရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်ထားသည်။

ရေအခက်အခဲဖြစ်လျှင် အကူအညီတောင်းခံနိုင်သည်ဟု ဇမ္ဗူသီရိအဖွဲ့ပြော

ထားဝယ်ခရိုင်အတွင်း နွေရာသီ သောက်သုံးရေပြတ်လပ်လျှင် ဇမ္ဗူသီရိ အ‌ရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ထံသို့ အကူအညီတောင်းခံနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့မှာ မတ်လကနေ မေလအထိ သောက်သုံးရေရှားပါးမှု နှစ်တိုင်းနီးပါး လိုလိုကြုံတွေ့နေရသည်။

မြန်မာတွင် အွန်လိုင်းမှတစ်ဆင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းချမှုမြင့်မားလာဟု WWF ထုတ်ပြန်

မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသအတွင်း တောရိုင်းတိရစ္ဆာန်များကို အင်တာနက်လူမှုကွန်ရက်မှ တစ်ဆင့် တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှု သိသိသာသာ မြင့်မားလာနေကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။ ၂၀၂၀ နှင့်...

တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် တောင်ပျောက်တိုက်နယ်က ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။ ထွက်ပြေးတိမ်းရှောင်နေသူများတွင် တစ်နှစ်အောက်ကလေးမှစ၍ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။

မောင်မယ်ရှောင်ရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်ခတ်ခံရ

ထားဝယ်ခရိုင် မောင်မယ်ရှောင်ကျေးရွာတွင် ယနေ့ (မတ် ၂၉) ညနေပိုင်းက ဒလန်ဟု သတင်းထွက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကိုဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၆၀ ဝန်းကျင်အရွယ် ဦးကိုဝင်း (ခေါ်)...

လောင်းလုံး ပန်းဒလဲရွာတွင် ပျူစောထီးဟု နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ပျူစောထီးဟုလည်း နာမည်ကြီးသည့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး (မတ် ၂၈) သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ ဦးသိန်းဇော် ခေါ် ဦးဇော်ဆိုသူဖြစ်ပြီး ပန်းဒလဲရွာနှင့် အင်းဇောက်ရွာကြား ယနေ့...

တောင်ပျောက်တိုက်နယ်က ကျေးရွာသုံးရွာဘက်သို့ လက်နက်ကြီး ရက်ဆက်ပစ်ခတ်ခံရ

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာသုံးရွာဘက်သို့ ညဘက်များတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှု သုံးရက်ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည်များသည် ကျွဲခြံရွာ၊ ဝင်းကဖော်ရွာနှင့် အလယ်စုရွာအနီးတို့တွင် ကျရောက်ပေါက်ကွဲ ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုဗစ်ချေးငွေ တနင်္သာရီတိုင်းက သဘင်နှင့် ဆိုင်းဝိုင်းကိုးဖွဲ့ ချေးခွင့်ရ

ကိုဗစ်ကုစားရေးချေးငွေ ချေးခွင့်ရရှိသည့် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်း ၈၈၂ ခု စာရင်းကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက သဘင်နှင့် ဆိုင်းဝိုင်းလုပ်ငန်းအဖွဲ့ ကိုးဖွဲ့ ငွေချေးခွင့်ရရှိသည်။ မတ် ၂၃...

တိုင်းအတွင်းသုံးနေသည့် ရသေ့ဆေး အသက်အန္တရာယ်ရှိကြောင်း ထိုင်းထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း အသုံးပြုနေကြသည့် ထိုင်းနိုင်ငံထုတ် ရ‌သေ့ဆေးရည်တွင် အသက်အန္တရာယ် ဖြစ်စေသည့် စတီးရွိုက်ဆေးပြား‌များပါဝင်ကြောင်း ထိုင်းနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ထုတ်ပြန် လိုက်သည်။ အဆိုပါ ရသေ့ဆေးရည်တွင် ကျောက်ကပ်လျင်မြန်စွာပျက်စီးစေသည့် စတီးရွိုင်ဆေးပြားနှင့် ရောင်ရမ်းမူကို သက်သာစေသည့်ဆေးပြားများ၊ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံအသုံးပြုထားကြောင်း...

ထားဝယ်တွင် အရက်ရောင်းခွင့်လိုင်စင်အသစ် ချမပေးသေးဟုဆိုသော်လည်း ဆိုင်အသစ်များတိုးလာ

ထားဝယ်ခရိုင်အတွင်း အရက်ရောင်းချခွင့် လိုင်စင် (ယစ်မျိုးလိုင်စင်) အသစ်ချပေးထားခြင်းမရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကပြောဆိုသော်လည်း ဒေသခံအချို့ကမူ ခရိုင်အတွင်း အရက်အမျိုးအမျိုးကို လက်လီ၊ လက်ကား ရောင်းချနေသည့် ဆိုင်အသစ်များကို တွေ့လာကြောင်း ဆိုသည်။ အရက်လိုင်စင်အသစ် ချပေးခြင်းမရှိဘဲ အရင်လိုင်စင် အဟောင်းများကိုသာ...