ရော်ဘာအရနည်း၊ ဈေးထက်ဝက် နီးပါးကျ

ယခုနှစ်တွင်မြိတ်ရှိ ရော်ဘာများအရနည်းပြီးဈေးနှုန်းများလည်း ထက်ဝက်နီးပါးကျဆင်းနေကြောင်း ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာအဝယ်ဒိုင်အချို့ထံမှ သိရသည်။ ကိုဗစ်နိုင်တင်းမဖြစ်မီက မှိုင်းခံရော်ဘာအပြား တစ်ပိဿာကျပ်၂၇၀ဝ အထိဈေးပေါက်ခဲ့ပြီး ယခုလတွင်ကျပ် ၁၈၀ဝ သာပေါက်ဈေးရှိတော့ကြောင်း မြိတ်မြို့၊ ကမ်းနားလမ်းရှိရော်ဘာအဝယ် ဒိုင်ပိုင်ရှင်ဦးဖိုးကျော်က ပြောသည်။

ထီးခီးနယ်စပ်မှ တစ်ပတ်တစ်ရက် ဂက်စ်တင်သွင်းခွင့်ပြန်ရ

အိမ်သုံးဂက်စ်ကို ထီးခီးနယ်စပ်ဂိတ်မှ တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကုမ္ပဏီထံမှ သိရသည်။ ထီးခီးနယ်စပ်ဂိတ်မှ ဂက်စ်တင်သွင်းခွင့်ကို ပြီးခဲ့သည့်အပတ်က စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး တစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကစယ်ဒိုထူးကုမ္ပဏီ၏ အရောင်းမန်နေဂျာဒေါ်ခင်မူက ဆိုသည်။

ကိုဗစ်နိဗ္ဗာန်ယာဉ်အတွက် အလှူငွေလိုအပ်

ကိုဗစ်ရောဂါကြောင့် သေဆုံးသူများကို သုသာန်သို့ပို့ဆောင်မည့် နိဗ္ဗာန်ယာဉ်အတွက် အလှူငွေလိုအပ်နေကြောင်း နာရေးကူညီမှု (ထားဝယ်) အဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကြောင့် သေဆုံးသူရှိလာပါက အလောင်းသယ်ဆောင်နိုင်ရန် ကွန်တင်နာပုံးပါသည့် နိဗ္ဗာန်ယာဉ်ကို အလှူရှင်များ၏ လှူဒါန်းငွေဖြင့်ဝယ်ယူထားပြီး လက်ရှိတွင် ကားတန်ဖိုးအပြေ အကြေမပေးရသေးဘဲ...

ကိုဗစ်ဂယက်ကြားမှ သီလရှင်များ

ကိုဗစ်ဂယက်၏ အကျိုးဆက်ကို ဆန်အလှူခံထွက်နေသည့် သီလရှင်များလည်း ခံစားရသည်။ဆန်အလှူခံထွက်ရာတွင် လှူနေကျ ဒကာ၊ ဒကာမအိမ်အချို့ပိတ်ထားခြင်း၊ ဆန်အရနည်းခြင်း၊ သီလရှင်တွင် ရောဂါပိုးရှိနိုင်သည်ဟု ပြောဆိုခြင်းများလည်း ကြုံတွေ့ရကြောင်း သီလရှင်အချို့က မိန့်သည်။ သီလရှင်များက ဥပုပ်နေ့မတိုင်မီ နှစ်ရက် (အဖိတ်နေ့အကြို၊...

မွန်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ

မွန်ပြည်နယ်မှ တစ်ဦးတည်းသော ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (လူနာ အမှတ် ၂၇)သည် ယခုအခါ စစ်ဆေးမှုရလဒ်အရ ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် ဧပြီလ ၇ ရက်နေ့က ဆေးရုံမှဆင်းခွင့်ရသည်။ လူနာအမှတ် ၂၇ သည် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာဖြစ်ကြောင်း ဧပြီလ...

တနင်္သာရီတိုင်းတွင် မီတာတစ်လုံး ကျပ်ငါးထောင် ဧပြီလမီတာခ ပေးဆောင်ချိန်တွင် ခုနှိမ်ပေးမည်

ဧပြီလအတွက် လျှပ်စစ်မီတာခပေးသွင်းချိန်တွင် လျှပ်စစ်မီတာတစ်လုံးလျှင် ကျပ်ငါးထောင်ကို စတင်ခုနှိမ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအတွင်း Loyalty Fee (ခိုင် ကြေး) ပေးဆောင်ထားသည့် လျှပ်စစ်မီးပေးရေးလုပ်ငန်းများ၏ မီတာတစ်လုံးလျှင် ငွေကျပ်ငါးထောင် ထောက်ပံ့ပေးမည်ဖြစ်ပြီး...

ကိုဗစ်ကာလထောက်ပံ့သည့် အခြေခံစားကုန်အကြွေး တိုင်းအစိုးရမပေးသေး

ကိုဗစ်ကပ်ဘေးသင့်ကာလ သင်္ကြန်ရုံးပိတ်ရက်ရှည်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကိုထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း ဝယ်ယူစဉ်က အကြွေးကို တိုင်းအစိုးရကလက်ရှိအချိန်ထိ မပေးသေးကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ ထိုအချိန်က ပေးဝေခဲ့သည့် ဆန်၊ ကြက်သွန်၊ ပဲ စသည့် ပစ္စည်းများကို တိုင်းအစိုးရကကုန်သည်များထံမှ...

အဖြေလေးတော့ ပြန်ပေးသင့် ပါသည်

မသီတာထံမှ ဓာတ်ခွဲနမူနာ ယူသွားသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သည်။ သို့သော် သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ၊ မရှိ မည်သူမျှလာရောက် အကြောင်းကြားခြင်း မရှိပေ။ သူမတွင် ထိုရောဂါပိုးကူးစက်ခံထားရခြင်း ရှိ/မရှိသိရှိရန် ပါးစပ်၊ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာကို ဧပြီလ...

ပုလောမြို့ရှိ ပျံကျဈေးသည်များအား နေရာသစ်သို့ ထပ်ပြောင်း

မြိတ်ခရိုင် ပုလောမြို့ပေါ်ရှိ ပျံကျဈေးသည်များအား မေလ ၆ ရက်နေ့မှစပြီး နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယရင်ပြင်တော်ပေါ်သို့ ရွှေ့ပြောင်းနေရာချထားကြောင်း ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမပြုလုပ်ရန် ထုတ်ပြန်ထားသည့် အခြေအနေတွင် ပုလောမြို့မဈေးကြီး အပြင်ဘက်တွင်ရောင်းချနေကြသည့်...

မိုးစပါးချေးငွေ အတိုးနှုန်း ထပ်လျှော့

ယခုနှစ် မိုးရာသီတွင် လယ်သမားများအားထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ် အတိုးနှုန်းကို ၃ ရာခိုင်နှုန်းလျှော့ချထားကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ယခင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်အတိုးနှုန်းကို ၈ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန်...