BREAKING
May 14, 2025

ကြက်သွန်နီဈေးဆက်တိုက်ကျပြီး ဆန်ဈေးငြိမ်နေသည့် ထားဝယ်ဈေးကွက်

February 3, 2023

ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီဈေး ဆက်တိုက်ကျဆင်းနေသည်။

ဇန်နဝါရီလ ပထမပတ်က ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ ကျပ်မှ ယခု ဖေဖော်ဝါရီလ ပထမပတ်တွင် တစ်ပိဿာ ၂၀၀ဝကျပ်သာ ကျန်တော့သည်။

ဈေးကွက်ထဲသို့ ကြက်သွန်နီအသစ် ပုံမှန်ဝင်နေသည့်အတွက်ကြောင့် ဈေးနှုန်းဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။

ကြက်သွန်နီဈေး ကျနေစဉ် ကြက်သွန်ဖြူဈေးမှာ သုံးပတ်ဆက်တိုက် အတက်ဈေးဖြစ်မာနေသည်။

ဇန်နဝါရီလ ၂၀ မှ ၂၇ ရက်အထိ ထားဝယ်ဈေးကွက်ထဲတွင် ကြက်သွန်ဖြူတစ်ပိဿာ ၆၈၀ဝကျပ်ရှိရာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ယနေ့ဖေဖော်ဝါရီလ ၃ ရက်တွင် တစ်ပိဿာ ၇၀၀၀ ကျပ်ဖြစ်သွားသည်။

ကြက်သွန်ဖြူအသစ် ထွက်ရှိမလာသေးသည့်အတွက်ကြောင့် အတက်ဈေးဖြင့် မာနေဦးမည်ဖြစ်ကြောင်း ထားဝယ်ကုန်သည်များထံမှ သိရသည်။

ဆန်ဈေးမှာ ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလပထမပတ်အတွင်း ဈေးနှုန်းအတက်ကျမရှိဘဲ တည်ငြိမ်နေသည်။

ဆန်ကြမ်းအကယ်ဒမီ ၂၄ ပြည် တစ်အိတ်ကို ဇန်နဝါရီလ ၂၇ ရက်က ၆၄၅၀ဝကျပ်ရှိနေပြီး ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင်လည်း ၆၄၅၀ဝကျပ်ဖြင့် ဈေးငြိမ်နေသည်။

ယင်းအပြင် ရွှေဘိုပေါ်ဆန်းမှာလည်း တစ်အိတ်ကို ၁၁၆၅၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေခဲ့သည်။

ထားဝယ်ဈေးကွက်ထဲရှိ စားသုံးဆီဈေးနှုန်းမှာလည်း အတက်အကျမရှိ ဈေးငြိမ်နေပြန်သည်။

အမေထွား တံဆိပ် ပဲဆီ ၁ လီတာ ၈၇၀၀ ကျပ်၊ ဇွဲတံဆိပ် ပဲဆီ ၁ ပိဿာ ၁၄၅၀ဝကျပ်၊ နှမ်းဆီ ၁ လီတာ ၈၇၀၀ ၊ နေကြာဆီ ၁ လီတာ ၆၁၀၀ ကျပ်ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်ကစပြီး ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်သည်။