မြဝတီ-မဲဆောက်တံတားဖွင့်ပြီ

0
2086

ကိုဗစ်ကပ်ဘေးကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယနေ့မနက် ၇ နာရီအချိန်ခန့်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။

ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ပြီး ၃ နှစ်နီးပါးအကြာ ယနေ့တွင်မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။