ပြင်သစ်နဲ့ အင်္ဂလန်တို့ ခက်ခက်ခဲခဲ ကစားရမယ့်ည

0
2330

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာလည်း ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေထဲက ပွဲစဉ်ကောင်း နှစ်ပွဲကို ဆက်လက်ရှုစားရပါတေ့မယ်။

မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်က ပိုလန်နဲ့ ကစားရမှာပါ။

နောက်တစ်နေ့ဆီကို ကူးပြောင်းပြီးလို့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲဖြစ်ရင် နာမည်ကြီး အင်္ဂလန်နဲ့ အာဖရိကနိုင်ငံများဖလား ချန်ပီယံ ဆီနီဂေါတို့ရဲ့အားပြိုင်ပွဲ ဆက်လက် ရောက်ရှိလာပါလိမ့်မယ်။

ဒီနေ့ပွဲစဉ်တွေမှာ အနိုင်ရတဲ့အသင်းနှစ်သင်းက ကွာတားဖိုင်နယ်မှာ ထိပ်တိုက်ဆုံဖို့ ရှိနေပါတယ်။

ပြင်သစ်နဲ့ အင်္ဂလန်တို့ဟာ ပြိုင်ဘက်တွေကို လွယ်လွယ်ကူကူ အနိုင်ရပါ့မလား၊ အသည်းသန် ရုန်းကန်ကစားရလေမလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။

Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။
https://anchor.fm/dawei-watch/episodes/ep-e1rne39

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/w02T-N0GEdM