BREAKING
May 9, 2025

ဆန်ဈေး၊ ဆီဈေး တည်ငြိမ်ပြီး ကုန်ခြောက်ဈေးအနည်းငယ်မြင့်တက်

November 11, 2022

ထားဝယ် ဈေးကွက်တွင် ဆန်‌ကြမ်း၊ ဆန်ချော ဈေးမှာ နိုဝင်ဘာ ပထမပတ်ကစပြီး တည်ငြိမ် နေသည်။

စားအုံးဆီ ယိုးဒယားပါကင်ပုံးဝါ ဆီဈေးမှ ဆယ်ပိဿာပုံးဝါတစ်ပုံးကို ပြီးခဲ့သည် နိုဝင်ဘာ ၄ ရက်က ၆၆၀၀၀ကျပ်မှ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ကျပ်တစ်ထောင်ဈေးတက်ခဲ့ပြီး ၆၇၀၀၀ ကျပ်ဖြစ်လာသည်။

ကြက်သွန်နီဈေးနှုန်းမှာ ပြီးခဲ့သည့်လက တစ်ပိဿာလျှင် ကျပ်သုံးထာင်ကျော်မှ ယနေ့နိုဝင်ဘာ ၁၁ ရက်နေ့တွင်တစ်ပိဿ လေး ထောင်ကျာ်အထိ မြင့်တက်လာသည်။

ငရုတ်သီးခြောက် ငရုတ်ပု ခြောက်အမျိုးအစားမှာ ပြီးခဲ့သည့်လက တစ်ပိဿာ ကျပ် နှစ်သောင်းခန့်သာရှိနေရာမှယနေ့နိုဝင်ဘာ ၁၁ ရက်နေ့တွင် ၂၉၀၀၀ ကျပ်အထိ တစ်လအတွင်း တစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်အထိမြင့်တက်သွားသည်။