အသုံးမပြုတော့သည့် ဖုန်းများ ပြန်အပ်နိုင်

0
879

ရုံးတွင် ဖုန်းဘေပေးဆောင်ရသည့် ဖုန်းများကို အသုံးမပြုတော့ပါက လာ ရောက်အပ်နှံနိုင်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးမျိုးမင်းသောင်း က ပြောသည်။
ခဲခြစ်ငွေဖြည့်ရသည့် ဖုန်းများမ ဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးတွင် ဖုန်းဘေလ်ဆောင်ရသည့် ကြိုး (AUTO)၊ ကမ်းရိုးတန်းဖုန်း( CDMA )၊ မိုဘိုင်းဖုန်း(GSM)၊ ဂြိုလ်တုဖုန်း( IP Star )စသည့် ဖုန်းများနှင့် အင်တာနက် လိုင်း(ADSL)လိုင်းများကို အသုံးမပြု တော့ပါက လာရောက်အပ်နှံနိုင်ကြောင်း ဦးမျိုးမင်းသောင်းက ပြောသည်။

အသုံးမပြုတော့သည့် ဖုန်းများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဆက် သွယ်ရေးရုံးများတွင် အပြီးသတ်ပိတ်ပေး ရန် လျှောက်ထားနိုင်ပြီး လျှောက်ထား ခြင်း မရှိသည့်ဖုန်းများကို မိမိရယူထား သည့် ဝန်ဆောင်မှုအလိုက် ဝန်ဆောင်ခ ကို လစဉ်ပေးချေနေရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“မသုံးတော့ဘူးဆိုရင် အပြီးသတ် ပိတ်ပေးပါဆိုပြီး စာရေးပြီး တင်လိုက်ရုံ ပဲ။User (ဖုန်းအသုံးပြုသူ) အချင်းချင်း လဲ ရောင်းလို့ရတယ်”ဟု ဦးမျိုးမင်း သောင်းက ဆိုသည်။

အဆိုပါဖုန်းများအတွက် ပြုပြင် ထိန်းသိမ်းခအဖြစ် ၅၂၅ ကျပ်နှင့် အဝင် ခေါ်ဆို နံပါတ်ပေါ်ဝန်ဆောင်မှု( Caller Line Identification ) အတွက် ၁၀၅၀ ကျပ်ကို သုံးစွဲသည့် ဝန်ဆောင်မှုအ လိုက် လစဉ်ကျသင့်မည်ဖြစ်ပြီး ဖုန်း ခေါ်ဆိုခအတွက် သီးသန့်ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဖုန်းသုံးစွဲရန် လျှောက်ထားစဉ်က တပ် ဆင်မှုဝန်ဆောင်ခအတွက် ကျပ်ခုနစ် သိန်းခန့်ကျသင့်ပြီး ပြန်အပ်ချိန်တွင် တစ်စုံတရာပြန်မရသဖြင့် ပြန်အပ်ရမည် ကို နှမြောနေကြောင်း ထားဝယ်မြို့ရှိ ကြိုးဖုန်း(AUTO) သုံးစွဲသူ အသက် ၃၂အရွယ် အမျိုးသမီးတစ်ဦးက ပြော သည်။

“ဝယ်မယ့်သူရှိရင် ရောင်းမယ်၊ ဝယ်မယ့်သူမရှိရင်လဲ ပြန်အပ်ဖို့စဉ်စား ထားတယ်” ဟု ၎င်းကဆိုသည်။
တိုင်းအတွင်း ပြုပြင်ထိန်သိမ်း ဝန်ဆောင်ခနှင့် အဝင်ခေါ်ဆိုနံပါတ်ပေါ် ဝန်ဆောင်မှုအတွက် ကျသင့်ငွေအကြွေး ကျန်များကို ဧပြီလ နောက်ဆုံးထားပေး သွင်းရန် တိုင်းမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မန်နေဂျာရုံးက ထုတ်ပြန်ထား သည်။