ဆောက်လုပ်ရေး ကုမ္ပဏီများ တိုင်းအစိုးရတွင် တစ်နှစ်တစ်ကြိမ် မှတ်ပုံတင်ရမည်

0
502

တိုင်းအတွင်း အစိုးရရန်ပုံငွေဖြင့် ဆောက်လုပ်မည့် လုပ်ငန်းများကို တင် ဒါပြိုင်မည့် ကုမ္ပဏီများ တိုင်းအစိုးရအဖွဲ့ ရုံးတွင် တစ်နှစ် တစ်ကြိမ် မှတ်ပုံတင်ရ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ပြောကြားသည်။
ကုမ္ပဏီများ သက်တမ်းကုန်နေခြင်း နှင့် အခွန်မဆောင်နိုင်သည့်အတွက် သက်တမ်းမတိုးသည့် ကုမ္ပဏီများကို စိစစ်ရန်အတွက် ယင်းကဲ့သို့ တိုင်းအစိုးရ အဖွဲ့ရုံး၊ တည်ဆောက်ရေးလုပ်ငန်းစိစစ် ရေးကော်မတီထံတွင် တစ်နှစ်တစ်ကြိမ် မှတ်ပုံတင်ခိုင်းရခြင်း ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ဆိုသည်။

ယင်းကဲ့သို့ ကုမ္ပဏီများ မှတ်ပုံတင် ရာတွင် စက်ယန္တရားပိုင်ဆိုင်မှု၊ မတည် ရင်းနှီးငွေ၊ အင်ဂျင်နီယာအင်အား အစရှိသည့် ကုမ္ပဏီ၏ ဏမသ်ငူန (အချက်အလက်)ကိုပါ တင်ပြရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဓိကကတော့ ကိုယ့်တိုင်းတွင်း မှာ တည်ဆောက်ရေးလုပ်တဲ့ ကုမ္ပဏီတွေ ကို သေချာစစ်ချင်လို့၊ ကုမ္ပဏီခိုင်မာမှု တွေရော၊ သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းတွေ ကိုလည်း သေချာပြန်စစ်တယ်”ဟု ဦးသိန်းအောင်က ဆိုသည်။
ယင်းအပြင် တိုင်းဒေသကြီးပြင်ပ တွင် အခြေစိုက်သည့်ကုမ္ပဏီများနှင့် ကုမ္ပဏီအသစ်များကို တိုင်းအတွင်း အခြေစိုက်ပြီး ကုမ္ပဏီသက်တမ်း အနည်းဆုံး ၅ နှစ်ရှိသည့် ကုမ္ပဏီက ထောက်ခံပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အစိုးရက မှတ်ပုံတင်ရမယ် ဆိုလည်း အများနည်းတူ မှတ်ပုံတင်မှရ မှာပေါ့၊ ဒီလိုလုပ်တော့ တစ်မျိုးလည်း ကောင်းပါတယ်”ဟု ထားဝယ်မြို့အခြေ စိုက် ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်တစ် ဦးက ဆိုသည်။
ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကို မတ်လ ၁၃ ရက်မှ ဧပြီလ ၁၂ ရက်အထိ လက်ခံသွားမည်ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
ယမန်နှစ်က တိုင်းအစိုးရအဖွဲ့ရုံး၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော် မတီတွင် ကုမ္ပဏီပေါင်း ၃၀၇ ခု မှတ်ပုံ တင်ခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။