ငှက်သိုက်ထုတ်ခွင့်ရ ကုမ္ပဏီ အပြောင်းအလဲကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မည်ကို စိုးရိမ်

0
516

ငှက်သိုက်ထုတ်လုပ်မည့် ကုမ္ပဏီ အပြောင်းအလဲကြောင့် ကျွန်းခရီးစဉ် လည်ပတ်မှုများတွင် ထိခိုက်မည်ကို ကော့သောင်းခရိုင်တွင်းရှိ ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူအချို့က စိုးရိမ် လျက် ရှိသည်။
ဇီဝဇိုး ငှက်သိုက် စုဆောင်း ထုတ်ယူ ခွင့်လိုင်စင်ကို ဈေးပြိုင် အိတ်ဖွင့်တင်ဒါ ဖြင့် ရောင်းချခဲ့ရာ ငှက်သိုက်ထုတ်ယူ နိုင်သည့်ကျွန်းအားလုံးကို မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်က ရရှိခဲ့သည်။

ဦးပိုင်ကုမ္ပဏီက တင်ဒါအောင် မြင်ခဲ့သည့် ကော့သောင်းမြို့နယ်အတွင်း ရှိ ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စု တွင် ခရီးသွားများ လည်ပတ်မှုများသော အသဲပုံကျွန်း၊ မြင်းခွာကျွန်း၊ စေတန် ကျွန်း၊ ဇာဒက်ကြီးကျွန်းစသည့် ကျွန်း များ ပါဝင်သည်။
ကုမ္ပဏီပြောင်းလဲသွားခြင်းကြောင့် ကျွန်းပေါ်ကို ခရီးသွားဧည့်သည်များ ကျွန်းပေါ်တက်ခွင့်အတွက် ငွေကြေး ကောက်ခံခြင်း ကဲ့သို့သော အပြောင်း အလဲ တစ်စုံတစ်ရာ ဖြစ်လာမည်ကို ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူအချို့က စိုးရိမ်နေကြခြင်း ဖြစ်သည်။

ယခင်က ငှက်သိုက်ထုတ်ခွင့် ရခဲ့သည့် Grand Andaman Island ကုမ္ပဏီ လက်ထက်ကမူ ကော့သောင်း ခရီးသွားလုပ်ငန်းများ အနေဖြင့် ယင်း ကုမ္ပဏီနှင့် ချိတ်ဆက်ကာ သွားလာ ခဲ့ကြကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။
“အခုက သင်္ကြန်ကာလအထိ လက်မှတ်တွေ ကြိုရောင်းထားတာတွေလဲ ရှိနေတော့ ဒီကြားထဲတစ်ခုခု ပြောင်း လဲသွားရင် ခရီးသည်တွေ စိတ်အနှောင့် အယှက်ဖြစ်မှာ မလိုလားလို့ပါ”ဟု မိုး ထိပ်ထားခရီးသွား ဝန်ဆောင်မှု လုပ်ငန်း ပိုင်ရှင် ဦးယဉ်ထွေးက ပြောသည်။

လတ်တလောတွင် ပြဿနာ မရှိသေးသော်လည်း ကုမ္ပဏီအား လုပ် ပိုင်ခွင့် လွှဲပြောင်းပြီးသည့် အချိန်တွင် မည်သို့ဖြစ်လာမည်ကို ကော့သောင်း အခြေစိုက် ခရီးသွားလုပ်ငန်းရှင်အား လုံးက စိတ်ဝင်စားလျက် ရှိသည်။
“အဓိက ကျွန်းတက်ခ ဈေးနှုန်း နဲ့ပတ်သက်တာအတွက်ပဲ အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ထင်တယ်။ သူကောက် မယ့် ဈေးနှုန်းပေါ်မူတည်ပြီး ဝန်ဆောင်မှု လုပ်ရမှာပဲ။ မကိုက်ရင်တော့ မပို့ရုံပဲ ပေါ့”ဟု ကော့သောင်းအခြေစိုက် ခရီးသွား အေဂျင်စီတစ်ခုမှ ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

ကော့သောင်းခရိုင် ခရီးသွားလုပ် ငန်း လိုင်စင်ရထားသည့် ကုမ္ပဏီ ၂၅ ခုရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ကော့သောင်း ရုံး)ထံမှ သိရသည်။