လွှတ်တော်ဝင်း အနောက်ဘက် အရိုးကျနေသည့်အလောင်း ဖော်ထုတ်နိုင်

0
664

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အနီး အရိုးကျနေသော အလောင်းမည်သူမည်ဝါဖြစ်သည်ကို စစ်ဆေးတွေ့ရှိသွားပြီဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်း အနောက်ဘက်ရှိ ခြုံပုတ်အနီးတွင် အရိုး ကျနေသည့် အလောင်းတစ်လောင်းကို နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းက တွေ့ ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါအလောင်းတွင် အမျိုးသမီး အဝတ်အစားများတွေ့ရပြီး ဆေးစစ် ချက်ဖြင့် စစ်ဆေးနိုင်ရန် ထားဝယ် ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့သည်။
အရိုးကျနေသည့် အလောင်းတွင် ဂါဝန်အင်္ကျီပေါ်တွင် ဂျင်းအနွေးထည် အင်္ကျီဝတ်ဆင်ထားပြီး အရိုးအပိုင်းအစ အချို့ ပတ်ဝန်းကျင်တွင် ပျံ့နှံလျက်ရှိ သည်။
အလောင်းကို ငှက်ပစ်သူတစ်ဦးက စတင်တွေ့ရှိခြင်းဖြစ်ကြောင်း ကနဦး သိရသည်။

အလောင်းတွေ့သည့် အဆိုပါနေ ရာတစ်ဝိုက်သည် စုံတွဲများ ချိန်းတွေ့ရာ နေရာတစ်ခုဖြစ်နေပြီး လိင်ဆက်ဆံ ရာတွင် အသုံးပြုသည့် အကာအကွယ် ပစ္စည်း(ကွန်ဒုံး)များ ပျံ့ကြဲလျက်ရှိသည်။
နောက်ဆုံးရရှိသည့်သတင်းအရ အရိုးကျနေသည့် အလောင်းမှာ အောက် တိုဘာလဆန်းကတည်းက ပျောက်ဆုံး နေသည့် လောင်းလုံးမြို့နယ် မောင်းမကန် ရွာနေ အသက်၂၅နှစ်အရွယ် မိန်းမလျာ ဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များက အဝတ်အစားကို ကြည့်ပြီး အတည်ပြုခဲ့ သည်ဟု ထားဝယ်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။

“ဆေးစစ်ချက်အဖြေတော့ မရ သေးဘူး၊ မောင်းမကန်က သူ့အဖေနဲ့ သူငယ်ချင်းတွေကတော့ ပျောက်နေတဲ့ သူဖြစ်တယ်လို့ အတည်ပြုကြတယ်”ဟု အဆိုပါရဲအရာရှိက ပြောသည်။
အလောင်းကို နိုဝင်ဘာလ ၄ ရက် နေ့တွင် ၎င်း၏မိသားစုဝင်များက သင်္ဂြိုလ် လိုက်ပြီဖြစ်ကြောင်း ရဲအရာရှိက ပြော သည်။