ဦးငွေကိုင်လက်ရာ ရှားပါးပန်းချီကားများ ပြသမည်

0
1613

ထားဝယ်သား ပန်းချီဆရာကြီး အလင်္ကာကျော်စွာ ဦးငွေကိုင် ကွယ် လွန်ခြင်း နှစ် ၅၀ ပြည့် အမှတ်တရပွဲတွင် ဦးငွေကိုင်၏လက်ရာ ရှားပါးပန်းချီကား များ ခင်းကျင်းပြသမည်ဟု ထားဝယ် ခရိုင် ပန်းချီပန်းပုအစည်းအရုံးမှ ပွဲစီစဉ် သူများထံမှ သိရသည်။

ပြပွဲတွင် လူသိနည်းသေးသည့် ဆရာကြီး ဦးငွေကိုင်၏လက်ရာ ပန်းချီ ကား ၁၀ ကားခန့် ပြသမည်ဟု သိရ သည်။အမှတ်တရပွဲအား မတ်လ ၃ ရက် နံနက် ၉ နာရီတွင် ထားဝယ်ဘုရားကြီးဝင်း မဟာဓမ္မာရုံတော်၌ စတင်ကျင်းပမည် ဖြစ်ကာ ပန်းချီ ပြပွဲကို တစ်ရက်သာ ပြုလုပ်မည်ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ပန်းချီဆရာ စောအဲယ်က ပြောသည်။

“ပြရတာ တာဝန်ကလည်း ကြီး တယ်လေ၊ မြန်မာပန်းချီလောကမှာ ဆရာကြီးဦးငွေကိုင်ကားတွေက တန်ဖိုး အကြီးဆုံးပဲလေ” ဟု စောအဲယ်က ဆို သည်။
အမှတ်တရပွဲတွင် သံဃာတော်များ အား ဆွမ်းကပ်ရေစက်ချ အမျှ ဝေခြင်း၊ ဦးငွေကိုင် ကွယ် လွန်ခြင်း ရွှေရတု အထိမ်း အမှတ် စာအုပ်မိတ်ဆက် ခြင်း များလည်း ပြုလုပ် သွားမည်ဟု သိရသည်။