အရေးပေါ်လူနာတင်ယာဉ် ဖုန်းနံပါတ်ပါဗီနိုင်းများ ရန်ကုန် – မြိတ် အဝေးပြေးလမ်းတစ်လျှောက် စိုက်ထူသွားမည်

0
492

အရေးပေါ် လူနာတင်ယာဉ် ကွန် ရက် ဖုန်းနံပါတ်ပါ ဗီနိုင်းပြားများကို အောက်တိုဘာလဆန်းတွင် နိုင်ငံတကာ အဝေးပြေးလမ်း ဖြစ်သည့် ရန်ကုန်-မြိတ်လမ်းပိုင်းရှိ မလွှဲတောင်မှ ဘုတ် တောင်အထိ စတင်စိုက်ထူသွားမည် ဖြစ် ကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာတင် ယာဉ်အဖွဲ့ထံမှ သိရသည်။


ထားဝယ်ခရိုင်အတွင်း အခမဲ့ အရေး ပေါ်လူနာတင်ယာဉ် လုပ်ကိုင်နေသည့် အဖွဲ့ပေါင်း ၂၄ ဖွဲ့ ပါဝင်သည့် ကွန်ရက်ကို ပြီးခဲ့သည့် ဩဂုတ်လက စတင် ဖွဲ့စည်းခဲ့သည်။အဝေးပြေးလမ်းတွင် ယာဉ်မတော် တဆဖြစ်မှုများကို မြန်ဆန်စွာ ကူညီ ပေးနိုင်ရန်နှင့် emergency_phအနီးအနား ကျေးရွာများမှ လူနာများကို ဆေးရုံ အသီးသီးသို့ အချိန် မီ ပို့ဆောင်ပေးနိုင်ရန် မြို့ဝင်၊ မြို့ ထွက်နေရာများနှင့် လမ်းမကြီး တစ် လျှောက်တွင် ဗီနိုင်းပြားများ စိုက်ထူ သွားမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အရေး ပေါ်လူနာကူညီသယ်ရေးမှ ဦးနိုင်မျိုးသွင် က ပြောသည်။
” လူနာတင်ယာဉ်ကို ဆက်သွယ် ခေါ်ဆိုနိုင်မယ့် ဖုန်းနံပါတ်တွေကို ထင် ထင်ရှားရှားမြင်နိုင်အောင် လူနာတင် ယာဉ် နောက်ခံပုံတွေနဲ့ စိုက်ထူသွား မှာပါ ”  ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
လက်ရှိအချိန်တွင် လူတိုင်း ဖုန်း ကိုင်နိုင်သော်လည်း မတော်တဆမှုဖြစ် သည့် အချိန်မျိုးတွင် လူနာတင်ယာဉ်အား ဆက်သွယ်ရန် ဖုန်းနံပါတ်မသိသဖြင့် ကူညီဆက်သွယ်ပေးရန် အခက်အခဲရှိပြီး ယင်းကဲ့သို့ စိုက်ထူပေးနိုင်ပါက ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ထားဝယ် မြို့မှ ရန်ကုန်သို့ ခရီးအမြဲသွားလေ့ရှိသူ ဒေါ်ဇင်မာက ပြောသည်။
” ကိုယ့်ရှေ့မှာ မတော်တဆမှု တစ် ခုခုဖြစ်လာရင် ချက်ချင်းဆက်သွယ် ကူ ညီပေးနိုင်တာပေါ့ ” ဟု ဒေါ်ဇင်မာက ပြောသည်။
နိုင်ငံတကာ အဝေးပြေးလမ်းမ အပြင် ထားဝယ်ခရိုင်အတွင်းရှိ လောင်း လုံးမြို့နယ်ဘက်တွင် စမ်းလှမ်း၊ အောက် ကျောက်ဝပ်၊ ညောပြင်၊ ဇလွတ်၊ ပြင်ကြီး ရွာ အစရှိသည့်ကျေးရွာများတွင် လူနာ တင်ယာဉ် ၅ စီးနှင့် ထားဝယ်-ထီးခီး လမ်းပိုင်းရှိ တောင်သုံးလုံး၊ ကျောက်မဲ တောင်၊ ဟိန္ဒား၊ ထီးခီး၊ မေတ္တာရွာ အစရှိ သည့် ကျေးရွာများတွင် ၇ စီးရှိကာ ထားဝယ်ခရိုင်တွင် အရေးပေါ် လူနာတင် ယာဉ် စုစုပေါင်း အစီးရေ ၃၀ ကျော်ရှိ ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။