ဘုရားအလှူခံပုံးဖောက်မှု သံသယရှိသူ ဆယ်ကျော်သက်လေးဦး ဖမ်းမိ

0
5579
ဇွန်လ ၈ ရက်နေ့က သရုပ်ပြနေစဉ်။ ဓာတ်ပုံ - Ko Kyaw Kyaw's Facebook

ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းရှိ အလှူခံပုံးများကို ရိုက်ခွဲခိုးယူခဲ့သည်ဟု သံသယရှိသူ ဆယ်ကျော်သက် လူငယ်လေးဦးကို ထားဝယ်မြို့မ ရဲစခန်းမှ ဖမ်းဆီးထားသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၁ နာရီခန့်က ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်တွင် ထော်လာဂျီဂေါက်တံ (ဒေသအခေါ် ဟန်တလော်) ကိုင်ဆောင် သွားလာနေသူတစ်ဦးကို လှည့်ကင်းလှည့်ရဲတပ်ဖွဲ့ဝင်များက မသင်္ကာ၍ ခေါ်စစ်ရာမှ ဘုရားကြီးဝင်းအတွင်း အလှူငွေ ခိုးယူခဲ့သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၈ ရက်နေ့က သရုပ်ပြနေစဉ်။ ဓာတ်ပုံ - Ko Kyaw Kyaw's Facebook
ဇွန်လ ၈ ရက်နေ့က သရုပ်ပြနေစဉ်။ ဓာတ်ပုံ – Ko Kyaw Kyaw’s Facebook

စစ်ဆေးမေးမြန်းရာမှ ၎င်းနှင့်အတူ ခိုးယူခဲ့သူ ၃ ဦးကို ထပ်မံဖမ်းမိခဲ့ပြီး ၁ ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ဖမ်းမိထားသူ ၄ ဦးမှာ အသက် ၁၆ နှစ် ၀န်းကျင်အရွယ် လူငယ်များဖြစ်ပြီး ၄ ဦးစလုံး ဘုမ္မော်ရပ်ကွက်မှဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ - အောင်သူ/Dawei Watch

ဓာတ်ပုံ – အောင်သူ/Dawei Watch

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ညက ဘုရားကြီဝင်းအတွင်းရှိ ပရမတ္ထဘုရားသိမ်နှင့် အင်ကြင်းပင်ဘုရားရင်ပြင်တို့ရှိ အလှူခံပုံး ၃ လုံး ကို ဖျက်ဆီးခံခဲ့ရပြီး အလှူငွေများ အခိုးခံခဲ့ရသည်။ အလှူခံပုံး နှစ်ပုံးတွင် ကျပ်ငွေ နှစ်သောင်းကျပ်စီခန့်၊ နောက်တစ်ပုံးတွင် ကျပ်ငွေ တစ်သောင်းကျပ်ခန့် ပါသွားခဲ့သည်။

ဘုရားကြီးဝင်းအတွင်း အလှူခံပုံ အဖောက်ခံရမှုနှင့် ပတ်သက်၍ Dawei Watch Facebook စာမျက်နှာတွင်လည်း မှတ်ချက်ပေးခဲ့ကြသည်။
ဘုရားကြီးဝင်းအတွင်း အလှူခံပုံ အဖောက်ခံရမှုနှင့် ပတ်သက်၍ Dawei Watch Facebook စာမျက်နှာတွင်လည်း မှတ်ချက်ပေးခဲ့ကြသည်။

ယင်းဖြစ်ရပ်သည် ထားဝယ်မြို့တွင် ရှားပါးသော ဖြစ်ရပ်ဖြစ်ပြီး လူငယ်များ မူးယစ်ဆေးစွဲလာခြင်း၏ ဂယက်လည်းဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်နေကြသည်။

 

ဆက်စပ်သတင်း –

ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်း တစ်ညတည်း အလှူခံပုံးသုံးလုံး ဖောက်ခံရ