ရန်ကုန်မီးပျက်၊ မြိတ်နှင့် ထားဝယ် အောက်ဆီဂျင်မလောက်

0
534

အောက်ဆီဂျင်စက်ရုံရှိသည့် ရန်ကုန်တွင် မီးမကြာခဏပျက်ခြင်း ကြောင့်မြိတ်နှင့် ထားဝယ်ဒေသတွင် အောက် ဆီဂျင်လိုအပ်ချက်မပြည့်မီဖြစ် နေရကြောင်း အာယုဒါနအရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့က ပြောဆိုလိုက်သည်။


ထားဝယ်နှင့် မြိတ်ခရိုင်ရှိဆေးရုံ ၁၆ ရုံမှ လူနာများအား တစ်လလျှင် အောက်ဆီဂျင်အိုးအကြီးအလုံးရေ ၂၀၀ မှ ၂၅၀ လုံးအကြား လှူဒါန်းလျက်ရှိသည့် အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအတွက် ရန်ကုန်မီးပျက်ချိန် အောက်ဆီဂျင်အလုံအလောက် မရပေ။
” တခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး။ အောက်ဆီဂျင်စက်ရုံမှာမီး ပျက်လို့”  ဟုအရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးအောင်မြင့်က ပြော သည်။
ထားဝယ်မြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ထားသော်လည်း လျှပ်စစ်မီတာခ ဈေးကြီးသည့်အတွက် လည်ပတ်မှု ရပ်နားထားပြီး ရန်ကုန်ရှိ စက်ရုံတွင် ဝယ်ယူလှူဒါန်းလျက်ရှိ သည်။၎င်းအပြင် ထားဝယ်အထွေထွေ ရောဂါကုဆေးရုံကြီးတွင်ရှိသည့် အောက်ဆီဂျင် ထုတ်သည့်စက်မှာ သေး ငယ်သည့်အတွက် ဆေးရုံခွဲစိတ်ခန်း အတွက်သာ အသုံးပြုနိုင်သည်ဟု ထားဝယ် ဆေးရုံအုပ်ကြီးက ဆိုသည်။

” ပရဟိတအဖွဲ့ဖြစ်တော့ အာယုဒါန ကိုလည်း အပြစ်မမြင်ပါဘူး၊ ပြည်သူ တွေရဲ့အခက်အခဲကို အစိုးရသစ်က အဆင်ပြေအောင် စီမံပေးစေချင်တယ်” ဟု ဖခင်ဖြစ်သူအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို အပြင်ဆိုင်တွင်ဝယ်ယူ ခဲ့ရသည့် ကိုဘိုဘိုက ပြောသည်။
အပြင်ဆိုင်တွင် ဘူးငယ်တစ်ဘူး လျှင် ရှစ်ထောင်ကျပ်ပေးရပြီး ဈေးများ သည်ဟု မဆိုနိုင်သော်လည်း ညဘက် အရေးပေါ် လိုအပ်ချိန် ဆိုင်ပိတ်ထားပါ က အခက်အခဲရှိသည်ဟု ကိုဘိုဘိုက ဆိုသည်။
အောက်ဆီဂျင် အိုးအကြီးတစ်လုံး အား ရန်ကုန်သို့ မှာယူပါက  ၁၂၀၀၀ ကျပ်သာကျသင့်ပြီး ထားဝယ်မြို့ရှိ အောက်ဆီဂျင်စက်ကို လက်ရှိတစ်ယူနစ် ၃၀၀ ကျပ်နှုန်းဖြင့် လည်ပတ်မည်ဆိုပါက အိုးအကြီး တစ်လုံးကို ၁၈၀၀၀ ကျပ် ကျသင့်သည်။
အာယုဒါန အရေးပေါ်အောက်ဆီ ဂျင်လှူဒါန်းရေးကို ဆီဆုံကျောင်း ဆရာတော် ဦးတေဇဝံသ ၂၀၀၈ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည်။