အိမ်သာဆေးလိပ်မီးကြောင့် မီးလောင်

0
464

ထားဝယ်၊ မေ ၁၇

အိမ်သာတက်ပြီးနောက် ဆေးလိပ်မီးထားခဲ့ရာမှ ထားဝယ်မြို့ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့၊ ဆန်းချီမြို့သစ်ရပ်ကွက်၊ ၂ လမ်းသွယ်တွင် မေလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ၄ ခန်းတွဲ တန်းလျား၏ နောက်ဆုံးအခန်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၂ နာရီခွဲတွင် မီးငြိမ်းခဲ့သည်။

13240066_853182938143219_4077385693172471923_n
မီးလောင်မှု မြင်ကွင်း၊ ဓာတ်ပုံ – ရဲထွဋ်

“ကလေးတွေက လမ်းပေါ်မှာ ကစားနေကြတာ။ သူတို့က မီးလောင်နေတယ်အော်လို့ ရေတတ်နိုင်သလောက်သွားပက်သေးတယ်။ မရဘူး ” ဟု အိမ်နီးချင်းအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်ဆောင်နှင့် ၄ ခန်းတွဲ တန်းလျားတစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့သည်။

ဆုံးရှုံးမှု ပမာဏ ငွေကျပ် ရှစ်သိန်းခန့် ရှိကြောင်း မီးသတ်တပ်ဖွဲ့က တွက်ချက်ထားသည်။