လောင်းလုံးမြို့နယ် ကျေးရွာအချို့ တွင် အမှိုက်ပုံး စတင်ထားရှိ

0
411

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဆောင်၍ အမှိုက်ကောက် ပြီးနောက် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လူငယ်များ ဦးဆောင် ၍ ရွာအတွင်းရှိ လမ်းများတွင် ဒီဇင်ဘာ ၁၃ ရက်မှစတင်ကာ အမှိုက်ပုံးများ ထားရှိ လာကြသည်ဟု ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့နယ် အတွင်းရှိ ရွာဟောင်းဝကျေးရွာနှင့်မင်းရပ်ရွာ (တလိုင်း မော် အပိုင်း) တို့တွင် စေတနာရှင် ပြည် သူများမှ ထည့်ဝင်သည့် ငွေကြေးများဖြင့် အမှိုက်ထည့်သည့် အမှိုက်ခြင်းများ ပြုလုပ် ခဲ့ကြကြောင်း ဦးဆောင်ပြုလုပ်သည့် လူငယ်များက ဆိုသည်။
အမှိုက်ကောက်ရုံဖြင့် မပြည့်စုံဘဲ အမှိုက်ထည့်သည့် လမ်းဘေးအမှိုက်ပုံး ရှိရန်လည်း လိုအပ်ပြီး လက်ရှိတွင် အ မှိုက်ခြင်း ၅၂ ခြင်း ထားရှိပေးထားပြီး ဖြစ်ကြောင်း ရွာဟောင်းဝကျေးရွာမှ ဦး ဆောင်ပြုလုပ်သည့် ဦးအောင်မင်းက ပြောသည်။
recycle_at_village
“ကျေးရွာနေ ပြည်သူတွေ အမှိုက် ကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်တော့ဘူး ပေါ့” ဟု ဦးအောင်မင်းက ပြောသည်။
ယခုကဲ့သို့ အမှိုက်ခြင်းများ ထားရှိ ပေးခြင်းကြောင့် ကျောင်းသူ/ ကျောင်း သားများ ကိုယ်တိုင် အမှိုက်မပစ်ကြတော့ ဘဲ ပတ်ဝန်းကျင်တွင် တွေ့ရှိသည့် နီးစပ် ရာ အမှိုက်များကို အမှိုက်ခြင်းအတွင်း ကောက်ထည့်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာသည့်အတွက် ဝမ်း သာကြည်နူးမိကြောင်း ရွာဟောင်းဝ ကျေးရွာမှ မအေးအေးလဲ့က ဆိုသည်။

“နောင်လာမယ့် အနာဂါတ် ကလေး ငယ်တွေ အမှိုက်ကို စည်းကမ်းတကျ ပစ် တတ်စေချင်တယ်” ဟု မအေးအေးလဲ့ ကပြောသည်။
အဆိုပါ အမှိုက်ခြင်းများထဲသို့ အိမ် များမှ ထွက်ရှိသည့် မီးဖိုချောင်သုံး အမှိုက် များ ပစ်ခွင့်မပြုဘဲ ရရှိလာသည့် အမှိုက် များအား တစ်ပတ်တစ်ကြိမ် သိမ်းဆည်း ကာ ရွာနှင့်ဝေးရာတွင် မီးရှို့ဖျက်ဆီးကြ သည်ဟု ယင်းက ဆက်ပြောသည်။
ကျေးလက်နေ ပြည်သူများမှ ပတ် ဝန်းကျင်အသိအမြင်များကြောင့် စိတ် ဓာတ်များ ပြောင်းလဲလာခြင်းမှာ အား တက် ချီးမွမ်းစရာ ကောင်းသည်ဟု လောင်း လုံးမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးထွန်းမြင့်က ဆိုသည်။

” စည်ပင်နဲ့ ပတ်သက်တဲ့ အကူအညီ လိုအပ်ရင် တတ်နိုင် သလောက်ကို အချိန် မရွေး အကူအညီ ပေးသွားမယ်” ဟု အမှု ဆောင်အရာရှိ ဦးထွန်းမြင့်က ပြောသည်။

ပလတ်စတစ် အမှိုက်နှင့် ရိုးရိုး အမှိုက်များအား ရောပြီး မီးမရှို့သင့်ဘဲ ခွဲခြားပြီး ပလတ်စတစ် အမှိုက်များအား မြေမြှုပ်ဖျက် ဆီးသင့်ကြောင်း ယင်းက အကြံပြု ပြောကြားသည်။

လောင်းလုံးမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့တွင် အမှိုက်သိမ်းယာဉ် တစ်စီး နှင့်နေ့စား သန့်ရှင်းရေးဝန်ထမ်း ၂ နှစ် ဦးရှိကာ လောင်းလုံးမြို့ပေါ် လေးရပ်ကွက် အတွင်း တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် အမှိုက် လိုက်လံသိမ်းဆည်းပေးလျက်ရှိ ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မီးဖိုချောင်ထွက် အမှိုက်အပါအဝင် အမှိုက်ပြဿနာကို ထားဝယ်မြို့ပေါ် အပြင် ကျေးရွာများအထိ ပျံ့နှံ့လာပြီ ဖြစ်သော် လည်း တိုင်းအစိုးရအဖွဲ့တွင် ဖြေရှင်းရန် ရေရာတိကျသော မူဝါဒမရှိသေးပေ။