ရှင်မော်ဘုရားသွားလမ်း နံဘေးရှိ ရေပေါ်တံတား တည်ဆောက်ရန် လူအား ငွေအား အခက်ကြုံနေ

0
488

ရှင်မော်ဘုရားသို့ သွားရာလမ်း နံ ဘေးရှိ ဇင်းကျွန်းသို့ အသွား ရေပေါ် တံတားကို ပြန်လည်တည်ဆောက်ရန် လူအင်အားနှင့် ငွေကြေးအင်အား အခက် ကြုံနေကြောင်း တံတားတည်ဆောက် နေသည့် အကျိုး တောင်ဆောင်များထံမှ သိရသည်။

ဇင်ကျွန်း သို့မဟုတ် ကျွန်းသာယာ ဟုခေါ်သည့် ကျွန်းသို့ သွားသည့် ရေပေါ်ဝါးတံတားသည် ပြီးခဲ့သည့် မိုးရာသီက လှိုင်းလေကြီးချိန်တွင် ပျက်စီးသွားခဲ့သည့်အတွက် တံတားကို အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ လူအင်အားနှင့် ငွေကြေးမလုံလောက် သည့်အတွက် ပြီးစီးမည့်အချိန်ကို မခန့် မှန်းနိုင်သေးကြောင်း အထက်ပါ အကျိုး တော်ဆောင်များက ဆိုသည်။
shinmaw_small_bridge
” ဒီနှစ် ဘုရားဖူး ရာသီပြီးတဲ့အထိ ပြီးစီးမယ်မထင်ဘူး” ဟု အကျိုးတော် ဆောင် ဦးစံသိန်းက ပြောသည်။
ယင်းတံတား တည်ဆောက်ရန် အတွက် ရှင်မော်ဘုရားသွားလမ်းနံဘေး တွင် အလှူခံမဏ္ဍပ်ဆောက်ကာ အလှူခံ လျက်ရှိသည်။
” ဒီက အလှူငွေရရှိတာနဲ့ ရတဲ့ ငွေလေးနဲ့ တဖြည်းဖြည်းချင်း ဆောက် နေရတယ်” ဟု ဦးရသေ့ က ပြောသည်။
ယင်းကျွန်းပေါ်တွင် စေတီ၊ ပုထိုး များနှင့် ဦးရသေ့ကျောင်း တည်ရှိကာ နွေရာသီ ဘုရားဖူးရာသီတွင် ဧည့်သည် များဖြင့် စည်ကားနေလေ့ရှိကြောင်း သိရ သည်။
ယခင်က တံတားအား ဝါးဖြင့်ပြု လုပ်ထားသည့်အတွက် စူးစမ်းချင်စိတ် ဖြင့် နိုင်ငံခြားသားများပါ စိတ်ဝင်စားမှု ရှိခဲ့ကြောင်း ဒေသခံဧည့်လမ်းညွှန် တစ်ဦးက ကိုတင်နိုင်က ပြောသည်။

“နိုင်ငံခြားသား သွားပို့ရင်း အမြဲ ရောက်ဖြစ်တယ်” ဟု ကိုတင်နိုင်က ပြောသည်။
လက်ရှိ တည်ဆောက်နေသည့် တံတားကကွန်ကရစ်တိုင်စိုက်ကာ အလယ်တွင် ကော်ပုံး(ပီပါပုံး) ခံကာ အပေါ်တွင် ဝါးခင်း မည်ဖြစ်သောကြောင့် ယခင် ဝါးတံတားထက် လူစိတ်ဝင်စာမှု လျော့နည်းနိုင်သော်လည်း ပြုပြင် ထိန်းသိမ်းရသည့် စရိတ် သက်သာ လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ကျွန်းနှင့်ဆက်သွယ်ထားသည့် အဆိုပါတံတားမှာအရှည်ပေ တစ်ထောင် ကျော်ရှိပြီး ခုနှစ်ပေအကျယ်ရှိကာ တစ် နှစ်လျှင်ဘုရားဖူးဧည့်သည် ခြောက် ထောင်ကျော်ခန့် လာရောက်လည်ပတ် ဘုရားဖူးလေ့ရှိကြောင်း အကျိုးတော် ဆောင်အဖွဲ့ထံမှ သိရသည်။