ဒေသခံများ ပါဝင်ခွင့် မရသည့် EIA ရလဒ်ကို ကလုံးထားဒေသခံများ လက်မခံ

0
539

ထားဝယ် အထူးစီးပွားရေးဇုန်စီမံ ကိန်း၏ ဆက်စပ်စီမံကိန်းတစ်ခု ဖြစ် သည့် နှစ်လမ်းသွား မော်တော်ကားလမ်းမ စီမံကိန်းကြောင့် ထိခိုက် နစ်နာမည့် ကျေးရွာများအနက် တစ်ရွာဖြစ်သည့် ကလုံးထာကျေးရွာက ယင်းလမ်းနှင့် ပတ်သက်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ထိခိုက်နစ်နာနိုင်ခြေစစ် တမ်း(EIA) ပြုလုပ်ရာတွင် ဒေသခံများ ပါဝင်ခွင့် မရသည့်အတွက် လက်ရှိ ပြီးစီးနေသည့် အဆင့်အထိ (EIA) ရလဒ် အား လက်မခံနိုင်ဟု ကလုံးထာ ရွာသူ^ သားများက ပြောသည်။

ယင်းနှစ်လမ်းသွားလမ်းမ စီမံကိန်း သည် ၁၃၈ကီလိုမီတာ အရှည်ရှိပြီး ထားဝယ်-ထိုင်း ယခင်လမ်းဟောင်း ၁၈ ကီလိုမီတာ နေရာတွင် စပြီး မြန်မာ-ထိုင်း နယ်စပ် ထီးခီးကျေးရွာရှိ ယခင် လမ်း ဟောင်း ၁၅၆ကီလိုမီတာ နေရာ အထိ ထပ်မံမွန်းမံ ဖောက်လုပ်မည့် စီမံကိန်း တစ်ခုဖြစ်သည်ဟု သိရသည်။
စီမံကိန်း မဖော်ဆောင်မီ D TEAM Consulting Engineering and Management ကုမ္ပဏီမှ ပညာရှင်များ နှင့်သာ ပတ်ဝန်းကျင် ထိခိုက်နိုင် ချေများကို လေ့လာဆန်းစစ်လျက်ရှိပြီး ဒေသခံများနှင့် ပူးပေါင်း မလုပ်သည့် အတွက်ဒီဇင်ဘာလ ၃ရက်က ကလုံးထာ ကျေးရွာမှ ဒေသခံများနှင့် ယင်းကုမ္ပဏီမှ တာဝန်ရှိသူတို့တွေ့ဆုံစဉ် ဒေသခံများက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
TEAM-Consulting
“ဒေသခံတွေ မပါဘဲ လက်ရှိ လုပ်ထားတဲ့ (EIA) ရလဒ်ကို လက်မခံနိုင် ဘူး” ဟု ကလုံးထာကျေးရွာဖွံ့ဖြိုးရေးနှင့် အသိပညာ တိုးပွားရေးကို လုပ်ဆောင် လျက်ရှိသည့် ရွာသားတစ်ဦးဖြစ်သူ ကိုစုပိုင်ထွေးက ဆိုသည်။

EIA စစ်တမ်းကောက်ယူ အချိန် တွင် ရွာသားများနှင့် ညှိနှိုင်းပြီးလုပ် ဆောင်ရန်နှင့် လုပ်ငန်း မစတင်မီ နှစ် ပတ်ကြိုတင် အသိပေးရန်၊EIA လုပ်ဆောင်ပြီး ရလဒ်များအား ရွာသား များကို ချပြရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ က TEAM ကုမ္ပဏီနှင့် ဒေသခံတို့ တွေ့ဆုံအချိန်၌ ပြောဆို ထားသော်လည်း ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခြင်းမရှိ ယင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှုရှိလာမည်ကို စိုးရိမ် ကြောင်း ကလုံးထာကျေးရွာမှ ရပ်မိရပ်ဖ ဦးလှရွှေက ပြောသည်။

ယင်းလမ်းEIA နှင့် ပတ်သက်ပြီး လက်ရှိ ပြီးစီးနေသည့် အဆင့်အထိ နေပြည်တော်သို့တင်ပြထားပြီး ယင်း နောက်တွင် ဒေသခံများအား ချပြမည် ဖြစ်ကာ နောက်ပိုင်း အဆင့်များတွင် ဒေသခံများနှင့် ပူးပေါင်း လုပ်ကိုင်သွား မည်ဟုTEAM Consulting Engineering and Management ကုမ္ပဏီက သဘာဝပတ်ဝန်း ကျင်ပညာ ရှင်အမျိုးသမီ့း Yongyut Khonchantet ကပြောသည်။
ဒေသခံများက လက်ရှိ ပြီးနေသည့် ဒေသခံများ မပါဘဲလုပ်ထားသည့် အဆင့်များကို ဒေသခံများ ပူးပေါင်းမှုဖြင့် အစကပြန်လုပ်ရန် ပြောသော်လည်း ကုမ္ပဏီဘက်ကမူ ယခင်ပြုလုပ်ပြီးဖြစ် သည့်အဆင့်များကို ပြန်လုပ်ရန် မဖြစ် နိုင်ကြောင်း ရှင်းပြသည်။

“ပြောသွားသလို လက်တွေ့ကျကျ ဖြစ်လာ မလားဆိုတာ စောင့်ကြည့် ရမယ်” ဟု ကိုစုပိုင်ထွေးက ဆိုသည်။
စီမံကိန်း လုပ်ဆောင်ပါက ကြို တင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ ဒေသခံများ နှင့်ပူးပေါင်းကာ လုပ်ဆောင် ခြင်းတို့ကို နှုဗစစ်တမ်းကောက်ယူမည့် ကုမ္ပဏီကလုပ်ဆောင်ရန်လိုပြီး ဘက် လိုက်မှုမရှိဘဲ လုပ်ဆောင်ရန်လိုအပ် ကြောင်း ၎င်းက ထောက်ပြသည်။
ယင်းတွေ့ဆုံပွဲတွင် လက်ရှိ ပြုလုပ်ထားသည့် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်း၏ လူမှုရေးနှင့် သဘာဝ ပတ်ဝန်း ကျင်ထိခိုက်မှု စစ်တမ်းအား ကန့်ကွက်ကြောင်း အိတ်ဖွင့်စာကို TEAM Consulting Engineering and Management ကုမ္ပဏီမှ တာဝန်ခံထံ ကလုံးထာ ရွာသူ။ရွာသား များက ပေးခဲ့ကြသည်။

အဆိုပါ လမ်းစီမံကိန်းကြောင့် ထိခိုင်နစ်နာမည့် ကျေးရွာ ၁၅ ရွာထက် မနည်းရှိသည်ဟု သိရသည်။