ထားဝယ်မြို့၏ ပထမဆုံးကွန်ဒိုကို ၁၉ ထပ် ဆောက်မည်

0
505

ထားဝယ်မြို့၏ ပထမဆုံး ကွန်ဒို ဖြစ်လာမည့် အဆောက်အဦကို ၁၉ ထပ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကွန်ဒိုဆောက် လုပ်မည့် Dewant International Construction Co.,Ltd ထံမှ သိရသည်။

ထားဝယ်မြို့၊ ဆိပ်ကမ်းသာ လမ်း တွင် ဆောက်လုပ်မည့် ၁၉ ထပ်မြင့် ကွန်ဒိုအတွက် စီမံကိန်းကို ယခုလမှ စတင်နေပြီဖြစ်ပြီး လက်ရှိတွင် အဆောက် အဦ ဆောက်လုပ်ရန် မြေစမ်းသပ်ခြင်း လုပ်ငန်းကို စတင်လုပ်ဆောင် နေပြီဖြစ် ကြောင်း ယင်းကုမ္ပဏီ၏ စီမံကိန်းမန်နေ ဂျာက ပြောကြားသည်။
“မြေစမ်းသပ်လို့ အဆင်ပြေရင် သက်ဆိုင်ရာ ဌာနတွေကို အဆောက်အဦ ဆောက်လုပ်ခွင့် တောင်းခံသွားမှာပါ” ဟု စီမံကိန်းမန်နေဂျာMr. Zeng Qing Yong က ပြောသည်။

စီမံကိန်း ဧရိယာမြေ ၁ ဒဿမ ၅ ဧကကို ထားဝယ်ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် အကျိုးတူ လုပ်ကိုင် ခြင်းဖြစ်ပြီး ယင်းဧရိယာအတွင်း ကွန်ဒို ၅ လုံးအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ကွန်ဒိုက ထားဝယ် ရဲ့ စံပြဖြစ်ချင်တယ်။ အကောင်းဆုံး ဖြစ် အောင်လုပ်မယ်။ ထားဝယ်ဒေသ ဖွံ့ဖြိုး ဖို့နဲ့ လူနေမှုအဆင့်အတန်းမြင့်မားလာ စေဖို့ ရည်ရွယ်ပြီး လုပ်တာပါ” ဟု ၎င်းက ပြောသည်။

ကွန်ဒိုကို Gold Coast Condo ဟု အမည်ပေးထားပြီး ကွန်ဒိုအခန်းပေါင်း ၅၀၀ ဝန်းကျင်နှင့် ကုန်တိုက်၊ အားက စားခန်းမ၊ ရေကူးကန်၊ ကစားကွင်း၊ ကားပါကင် စသဖြင့် ထည့်သွင်း တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။
စီမံကိန်းကာလကို ၃ နှစ် သတ် မှတ်ထားပြီး ကွန်ဒိုအခန်းများကို ကြိုပွိုင့် စနစ်ဖြင့် အမြန်ဆုံး ရောင်းချမည်ဖြစ် ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။