နိုင်ငံခြားသားများ မောင်းမကန်ထက် သဘာဝအလှ မပျက်သေးသည့် ကမ်းခြေများကို ပိုစိတ်ဝင်စား

0
424

ထားဝယ်ဒေသသို့ လာရောက် လည်ပတ်လေ့ရှိသည့် နိုင်ငံခြားသား အများစုမှာ မောင်းမကန်ကမ်းခြေ ထက် သဘာဝအလှ မပျက်ယွင်းသေးသည့် ကမ်းခြေများကို ပိုမိုစိတ်ဝင်စားလာကြ သည်ဟု ဒေသခံ ခရီးသွားလုပ်ငန်းနှင့် ဒေသ ဧည့်လမ်းညွှန်များထံမှ သိရသည်။


မောင်းမကန် ကမ်းခြေသို့ လာ ရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား များသည် အများအားဖြင့် နေထိုင် တည်းခိုစရာ နေရာရှိသည့်အတွက် လာ ရောက်လည်ပတ်ကြခြင်းသာဖြစ်ပြီး ၎င်းတို့ ကြိုက်နှစ်သက်သည်မှာ အမှိုက် သရိုက်ကင်းစင်ပြီး သဘာဝ အလှများရှိ နေသေးသည့် တီဇစ်၊ စမ်းလှမ်းနှင့် မြင်းခွာအော် ကဲ့သို့ ညောပြင်ကျေးရွာ အနီးတစ်ဝိုက်မှ ကမ်းခြေများကိုသာ အဓိကထား သွားလာနေကြကြောင်း နိုင်ငံခြားသားများ အဓိက လာရောက် တည်းခိုလေ့ရှိသည့် မောင်းမကန် ကမ်း ခြေအနီးမှ ကိုကိုးလ်နတ်ဧည့်ရိပ်သာမှ တာဝန်ရှိသူ ဒေါ်ဇင်မာအေးက ပြောသည်။

photo_high_fly
” သူတို့က ကမ်းခြေတွေအပြင် ကျွန်း တွေကိုလည်း သွားလာလည်ပတ်ချင်ကြ တယ်” ဟု ဒေါ်ဇင်မာအေးက ပြောသည်။
လူသူစည်ကားသည့် ကမ်းခြေ များက သန့်ရှင်းသန့်ရပ်မှု အားနည်း လာပြီး အမှိုက်များကို စည်းကမ်းမဲ့ စွန့် ပစ်ခြင်းကလည်း ပြဿနာတစ်ရပ် ဖြစ် လာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မောင်းမကန်ကမ်းခြေသည် တောင် တန်းများ၊ ကမ်းခြေများနှင့် လှပနေ နေသော်လည်း စည်းကမ်းမဲ့ ပစ်သည့် အမှိုက်များ၊ ပုလင်းကွဲများနှင့် ပြည့်နှက် နေသည့် ညစ်ပတ်သည့် ကမ်းခြေဟု နိုင်ငံခြားသား ခရီးသည် ၁၀ ယောက်တွင် ၉ယောက် ခန့်က ပြောကြကြောင်း ဒေသခံ ဧည့်လမ်းညွှန် တစ်ဦးက ဆို သည်။
” ကမ်းခြေမှာရှိတဲ့ သဲတွေတောင် အရောင်ပြောင်းလာတယ်လို့ ထင်တယ်” ဟု ဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက ဆို သည်။
မောင်းမကန် ကမ်းခြေရှိအမှိုက် များကို ကောက်ပြီး ကမ်းခြေ အဝင်လမ်း တွေမှာ စုပုံထားခြင်းကြောင့် ကမ်းခြေသို့ ဆင်းရာတွင် အမှိုက်များကို ဦးစွာ တွေ့ နေရပြီး အနံ့အသက်မကောင်းခြင်း ကလည်း နိုင်ငံခြားသားများ စိတ်ဝင် စားမှု လျော့ကျစေသည်ဟု ခရီးသွား လုပ်ငန်းအဖွဲ့ တနင်္သာရီဇုန်မှ အမှုဆောင် တစ်ဦးက ဆိုသည်။
“ပြည်သူတွေကလည်း ကမ်းခြေ သွားမယ်ဆို အမှိုက်တွေကို ကမ်းခြေမှာ မပစ်ကြဘဲ အိမ်ပြန်သယ်သွားပြီး အိမ် ရောက်မှ ပစ်သင့်တယ်” ဟု အလုပ် အမှုဆောင်(ဒေသခံ ဧည့်လမ်းညွှန်) ကိုသိန်းထိုက်က ပြောသည်။
ရှင်မျှော်ဘုရားသို့ သွားသည့်လမ်း တလျှောက်တွင် သဘာဝအတိုင်း တည် ရှိနေသည့် ကမ်းခြေများ ကျန်ရှိ နေသေး ပြီး ယင်းကမ်းခြေများကို သဘာဝအလှ မပျက်စေရန် ဆက်လက်ထိန်းသိမ်းသင့် ကြောင်း ၎င်းက ဆက်ပြောသည်။
ထားဝယ်ဒေသသို့ ၂၀၁၅ ဩဂုတ် လမှ အောက်တိုဘာလအထိ (၃)လ အတွင်း လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ဧည့်သည် ၉၁၉၆ ဦး ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန(ထားဝယ်ရုံးခွဲ) မှတ်တမ်းများ အရ သိရသည်။