တန်ဆောင်တိုင်ကာလ ဟိုတယ်အခန်း ကြိုတင်ငှားရမ်းမှု လျော့နည်း

0
468

ယခုနှစ် ထားဝယ်မြို့တွင် တန် ဆောင်တိုင်ကာလ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်ပွဲ လာရောက် ဖူးမျှော်ကြမည့် ဘုရားဖူးဧည့်သည်များ  ဟိုတယ်အခန်း ကြိုတင်မှာယူမှု နည်းပါးနေသေးကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်လုပ်ငန်းများ ထံမှ သိရသည်။


ယမန်နှစ်က တန်ဆောင်တိုင် ကာလအတွင်း ထိုင်း-မြန်မာ ချစ်ကြည် ရေး ပွဲတော်ရှိသောကြောင့် ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည် အများအပြား ဝင်ရောက်ခဲ့ပြီး ဟိုတယ်အခန်းများ ပြည့်ခဲ့ကြောင်း သိရသည်။

” မနှစ်ကတော့ ဒီအချိန်ဆို အခန်း အားလုံး ကြိုတင်မှာ ယူထားကြတာ။ အခုကတော့ အခန်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ပဲ  ကြိုတင်ငှားရမ်းမှု ရှိသေးတယ်”  ဟု ထားဝယ်မြို့ရှိ ဇေယျာ ထက်စံ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ ပုံမှန် တည်းခို နေကြ ဧည့်သည်များသာ အခန်းကြို တင်ငှားရမ်းမှုရှိပြီး တန်ဆောင်တိုင် ဘုရားပွဲတော်သို့ လာရောက်မည့် ဘုရား ဖူးဧည့်သည်များ အခန်းကြိုတင် ငှား ရမ်းမှု မရှိသေးဟု ပန်းဥယျာဉ် ဟိုတယ်မှ တာဝန်ရှိသူက ဆိုသည်။

” လောလောဆယ် ဖောက်သည် တွေပဲ အခန်း၁၀ခန်းလောက်သာ ကြို တင် ငှားရမ်းကြသေးတယ်” ဟု ယင်း တာဝန်ရှိသူက ပြောသည်။
ထားဝယ်ဒေသသို့ တန်ဆောင်တိုင် ပွဲတော်နှင့် သင်္ကြန်ပွဲတော်များတွင် ပြည်တွင်းပြည်ပ ခရီးသွားများ ဝင် ရောက်မှု များပြားလေ့ရှိပြီး ဟိုတယ် များ၊ တည်းခိုခန်းများတွင် အခန်း မလုံ လောက်၍ နီးစပ်ရာ ဘုန်ကြီး ကျောင်း များတွင် တည်းခိုရလေ့ရှိကြောင်း ရန်ကုန်အခြေစိုက် သံယောဇဉ်  ဘုရားဖူး ပို့ဆောင်ရေးအဖွဲ့က ဆိုသည်။
ထားဝယ်မြို့တွင် ဟိုတယ် ၉လုံးမှ အခန်း ၃၀၀ ကျော်နှင့် တည်းခိုခန်း ၃၀ ကျော်ရှိကြောင်း သိရသည်။